သူမှန်ကြည့်သည်။
အရင်ကထက်ကိုပိုကြည့်သည်။
ကြည့်တိုင်းလဲ သူတွေးသည်။
ငါဘာတွေများလိုအပ်ချက်ရှိနေလို့လဲ....မာန်တတ်နေသည်ပဲပြောပြော..စိတ်ကြီးဝင်နေတယ်ပဲပြောပြော....သူမက Queen လို့အရွေးခံထားရသူပါ။
ငါ့လိုလူကိုကျော်ပြီး သူက ဘယ်သူ့ကိုကြိုက်သွားရတာလဲ.......
သူ MH ကိုပြန်ပြောခဲ့သည်။ စိတ်တွေတိုနေပါလျက်...ကြောက်နေပါလျက်.. သူပြန်ပြောနိုင်ခဲ့သည်။
သူတကယ်လုပ်ပြနိုင်ပါ့မလား.....
သူတကယ်ပဲ MH နှလုံးသားထဲက ဘုရင်မနေရာကို ထီးနန်းပြိုင်လုနိုင်ပါ့မလား....
တကယ်ပဲ...သူကြိုက်နေတာဘယ်သူလဲ...
သူသိအောင်လုပ်ရမယ်...
ဒါတစ်ခုတည်းသောနည်းလမ်းပဲ...DY's Diary
July 21st .. အဲ့နေ့အကသွားတိုက်ရဦးမှာပဲ.... ပွဲက ၂ပတ်ပဲလိုတော့တယ်.... နင်ကငါ့ကိုမိန်းကလေးအနေနဲ့ပဲလက်မခံနိုင်တာ...နင့်ကိုချစ်မိတဲ့ ငါ့ကိုပဲ မုန်းတာ..နင့်သူငယ်ချင်း DY ကိုတော့ မျက်ကွယ်မပြုဘူးမလားဟင် MH shii
DY က ကန်တင်းမှာ MH ကိုခိုးရိုက်ထားသော ပုံလေးကိုကြည့်ရင်း ပြောလိုက်မိသည်။
MH ကိုကြည့်နေရင်း တစ်ဖက်မှန်မှ အလင်းပြန်ရိုက်ရင်း ပါလာသော JH ကိုသူတွေ့လိုက်ရသည်။
MH ကို ကန်တင်းမှာတွေ့လိုက်တိုင်း ဒီ JH နဲ့ပဲ...
DY အမြဲတမ်း သူတို့ဝိုင်းရဲ့ မနီးမဝေးမှာရှိနေတတ်သည်။သူ သတိထားမိဟန်လဲ မပေါ်ပါ။
အတန်းထဲမှာ တည်ငြိမ်ပြီးစာဂျပိုးပုံဖမိးသလောက် JH နဲ့ အတူထိုင်နေသော ကန်တင်းချိန်တွေမှာတော့ သူ့အပြုံးတွေက လန်းဆန်းနေခဲ့သည်။Composing နှင့်အတူတွဲသင်ရသည့်အချိန်တွေဆိုလဲ သူတက်ကြွလို့နေသည်။
ဒီနေ့ပဲ အသိသာဆုံးမလား...မဲတောင်ခွဲခဲ့ရသည်လေ။
သူမကတော့ အရှက်သိက္ခာအကုန်ဖျောက်ပြီး MH နဲ့ တွဲဖို့ရာပြောခဲ့ပေမယ့် အငြင်းခံလိုက်ရသည်တဲ့...
DY က ဓာတ်ပုံပေါ်နေသော ဖုန်း SCREEN လေးကိုလက်လေးဖြင့်ပွတ်သတ်လိုက်ရင်း
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanficမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...