လက်ခုပ်ဩဘာသံတွေ တညံညံ ဖြင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲက စည်ကားလှသည်။
ဖျော်ဖြေရေးများ အကုန်ပြီးဆုံးသွားပြီးနောက် ဆုပေးပွဲအချိန်ရောက်ရှိလာပြီ။
Best couple , King of the first year , Queen of the first year , best performance , best entertainer , best teamwork စသည့် ဆု (၆) မျိုးကို မဲခွဲ ရွေးချယ်ကြရ၏။
ဘုမသိ ဘမသိ ဖြင့် Minhyun နဲ့ Jaehwan က best couple ထဲ ဝင်သွားသေး၏။
Avengers အဖွဲ့က best performance နဲ့ best entertainer အထဲ ဝင်သွား၏။
မဲပေးချိန် အချိန် နာရီဝက် အပြီးမှာတော့ presenter ၂ ယောက်က
" ကဲ သူငယ်ချင်းတို့ အစ်ကိုတို့ အစ်မတို့ ဆရာ ဆရာမ တို့ ခင်ဗျာ.. voting result ထွက်လာပါပြီ...ခဏလောက် ဂရုစိုက် နားထောင်ပေးကြပါ ခင်ဗျာ ...."
ပထမဆုံးကတော့ လူတိုင်းစောင့်မျှော်နေကြတဲ့ ဆု ပါ။
King of the first year ပါ....မဲပေါင်း ၃၄၅၂ နဲ့ ပထမနှစ်ရဲ့ King ဖြစ်သွားသူကတော့......
" Singing and Acting မေဂျာမှ Hwang Min Hyun ဖြစ်ပါတယ် "
MC က အားရပါးရအော်ပြောလိုက်ပြီးနောက် အအေးသောက်နေသော Minhyun တစ်ယောက် သီးကာ ကြောင်တောင်တောင်ဖြစ်နေတော့၏။
" ဟာ... hyung.. hyung.. hyung... Hwang Min Hyunဆိုတာ hyung မို့လား... King ဖြစ်သွားပြီတဲ့ ခေါ်နေတယ် သွား မြန်မြန်သွားလေ "
ဘေးက Jaehwan က သကြားလုံးရသော ကလေးတစ်ယောက်လို ရယ်လျက် ပျော်ကာ ခုန်နေတော့၏။Minhyun ကလဲ ပါးစပ်ထဲ ဝင်သွားသော သံပုရာသီး ဖတ်ကို ပါ မေ့ပြီး မျိုချမိသည်အထိ။
သူ့ကိုယ်သူ ဆန်ကာတင်ပါမှန်း သိသော်လည်း ဒီဆုကြီးတော့ ရမည်မထင်ခဲ့..။
စင်ပေါ်ကိုတက်သွားပြီး ဆလွယ် ကိုလွယ်ကာ ဝက်ဝံရုပ်လေးကို ယူလျက် ဓာတ်ပုံရိုက်ခံနေသော Minhyun ကို တစ်ကွက်မှမလွတ်ရအောင် စင်အောက်မှ စင်ပေါ်သို့ တက်သွားသည်အထိ video ရိူက်နေသူက Jaehwan...
ဆုယူပြီးဆင်းလာတော့ လူအားလုံးရဲ့ မျက်လုံးက MH ဆီမှာ..
"ချောလိုက်တာဟယ်...."
"ဖြောင့်နေရောပဲ...."
"အမလေး ဒီလောက်ချောတဲ့သူရှိမှန်းမသိခဲ့ပါလား..."
"တည်ငြိမ်မယ့်ပုံလေးနော်..."
"လူရိုးပုံလေးဟဲ့.. "
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Фанфикမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...