" ဗိုလ်ကြီး Xiao Zhan ကို ရာထူးကနေ ဖြုတ်ချလိုက်ပါတယ် ၊ ဗိုလ်ကြီး Kim Jong In ကို ရာထူးကနေ ဖြုတ်ချလိုက်ပါတယ် "
" နှစ်ယောက်လုံး အထက်ကနေ အမိန့်ပြန်ကျလာတဲ့ထိ ခဏထိန်းသိမ်းခံရမှာပါ "
ရှေ့ဆင့်နောက်ဆင့်ထွက်လာတဲ့ အသံကြောင့် ရလာဒ်ကို ကြိုတင်မှန်းဆပြီးသား Xiao Zhan က နေရာကနေထပြီး သူ့လက်ထဲသေနတ်ကို Lu-Han ဆီ အပ်လိုက်တယ်၊ KAI လည်း ထိုနည်းတူပဲ သူ့လက်ထဲမှာကိုင်ဆောင်ခွင့်ရတဲ့အရာမှန်သမျှ D.O. ဆီ ပေးလိုက်တယ်၊
" ဆိုတော့.. ငါတို့က ဘယ်နေရာမှာ အချုပ်ခံရမှာလဲ "
တက်ကြွနေတဲ့ Xiao Zhan က KAI ပုခုံးကို ဖက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ မေးလိုက်တော့ တစ်ချိန်လုံးအနောက်မှာရပ်၊စောင့်ကြည့်နေတဲ့ Wang Yibo ဆီက အကြည့်တွေက တဒိုင်းဒိုင်းပစ်ဝင်လာတယ်၊ ခွဲစိတ်ခန်းထဲက ထွက်ထွက်ချင်း ကိုယ့်ဇောနဲ့ကိုယ် ဖြစ်နေခဲ့တာမို့ Yibo ကို သတိမထားမိခဲ့တဲ့ ဆေးဗိုလ်လေးက အခုမှ ပူပင်စရာကိစ္စကြီးတစ်ခုကို ပြန်လည်သတိရသွားပုံနဲ့ လက်လှမ်းပြရင်း ခေါ်လေတယ်၊
ဒီဒုဗိုလ်လေးက သေနတ်မှန်ထားတာမဟုတ်ဘူးလား၊ ဘယ်လိုခွန်အားနဲ့များ ဒီအထိ လာနိုင်ပါလိမ့်၊ လူကြည့်တော့ လဲကျတော့မလိုဖြစ်နေပြီ တအားစိတ်ပူအောင်လုပ်တာပဲ၊
အဲ့ဒီ့အချိန်မှာပဲ အလိုက်သိလွန်းတဲ့ Lu-Han က Yibo ကို တစ်ချက်လှည့်ကြည့် မျက်လုံးတစ်ဖက်မှတ်ပြလိုက်ပြီး KAI နဲ့ D.O ကို ဂုတ်ကဆွဲရင်း နေရာကနေ ပထုတ်သွားတယ်၊ အချုပ်မခံရခင် ငါးမိနစ်လောက်ပဲဖြစ်ဖြစ် သူတို့နှစ်ယောက် အရေးကြီးစကားပြောဖို့ အချိန်လိုလိမ့်မယ်၊
" အော်.. Yibo လာပါဦး၊ ငါ့နားကို လာခဲ့ပါဦး "
ပါးစပ်ကသာ လာပါဦးလို့ တတွတ်တွတ်ခေါ်နေပေမဲ့လည်း Yibo တစ်လှမ်းမှမရွေ့ရသေးခင်မှာပဲ ခြေလှမ်းကျဲကြီးတွေ အမြန်လှမ်းချလာတဲ့ Xiao Zhan က သူ့ရှေ့ကို ရောက်လာတယ်၊ဆရာဝန်ပီသစွာပဲ ဟိုစစ်ဆေး သည်စစ်ဆေးလုပ်ပြန်တဲ့ ငတုံးလေးက သူလုပ်သမျှအပြုအမူတိုင်းကို မျက်တောင်မခတ်ငေးနေတဲ့ Yibo ကို မျက်ခုံးလေးချိုးကြည့်လိုက်ရင်း လက်ညိုးလေးတထောင်ထောင်နဲ့ လူတတ်ကြီးလုပ်ပြန်တယ်၊
![](https://img.wattpad.com/cover/98135684-288-k202339.jpg)
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...