နံပါတ်စဉ် တစ်
Crush နဲ့ မမျှော်လင့်ပဲ ထိပ်တိုက် တွေ့ဟန်ဆောင်ပါ
"မိုးတွေ ကလည်း ဒီနေ့မှ ရွာလိုက်တာနော် ညီ
ထီးကလည်း ပါမလာတော့ ဒီနေ့တော့ ဒီမှာ
မိုးတိတ်တဲ့ ထိ စောင့်ရတော့မယ် ထင်တယ် ဟူး...""....."
တစ်လောကလုံးကို သူလုပ်ကျွေးနေတဲ့ ရုပ်နဲ့
Convenient store ရှေ့မှာ
မိုးတိတ်မှာကို စောင့်နေတဲ့
သရုပ်ဆောင်မေဂျာက နတ်သားလေး
Oh Sehun တစ်နည်းသူ့ရဲ့ ချစ်သည်းညှာလေး
Sehunnie..."ညီက ဘယ်မေဂျာကလဲ
သရုပ်ဆောင်မေဂျာကလား
ချောတယ်နော် "မသိဟန်ဆောင်ပြီး မေးလိုက်တဲ့ အပြင် ညီလို့
ပြောလိုက်တာကြောင့် ရိုသေမှုပြုဟန် စကားတော့
နည်းနည်းပြန်ပြောရှာသည်...."အွန်း အဲ့မေဂျာက "
"အကိုက ဂီတမေဂျာက Byun Baekhyun တဲ့
မဆိုင်ပေမယ့် အကူအညီလိုရင်လာပြောနော်""......"
ဒီလောက်စကားပြောနေတာတောင်
နည်းနည်းလေးတောင် စောင်းငဲ့ပြီးတောင် ကြည့်မလာတဲ့ အသည်းညှာလေး....ကျွန်တော် Sehun ချေတတ်တယ်
ဆိုတာ ကျောင်းရဲ့ ရေဒီယို Kim JongDae ကြောင့်
သိထားပေမယ့် ထိုမျှ ချေတတ်လိမ့်မည်မထင်ခဲ့....သို့သော် ဤမျှလောက်နမဲ့ လက်လျှော့လိုက်မည့်
ရာဇဝင် Byun Baekhyun တွင်မရှိ...."ဟူး.....မိုးကလည်း ဒီနေ့မှ ရွာလိုက်တာနော်
ညီနဲ့အကို့ကို အကြာကြီး အတူရှိစေချင်.......ချင်"စကားမဆုံးသေး ဆိုင်ရှေ့တွင် ရပ်လာတဲ့
အနက်ရောင်ကားတစ်စီး....."အိမ်က လာခေါ်ပြီမို့ ပြန်လိုက်ပါဦးမယ်"
ကျွန်တော်ကတော့ ချစ်သည်းညှာလေး ကားပေါ်
တက်သွားတာနဲ့ လွယ်အိတ်ထဲက ထီးကို
ထုတ်လိုက်တယ်...."မိုးကလည်း သည်းလိုက်တာတာ တစ်ကိုယ်လုံး
စိုကုန်ပြီ!
မိုးမဟုတ်ဘဲ Sehunnie လေးရဲ့ အချစ်မိုးတွေ
ဆိုဘယ်လောက်ကောင်းမလဲ နှလုံးသားထဲကို
Sehunnie လေးရဲ့ အချစ်မိုးရေတွေ
အပြည့်ထည့်သိမ်းထားလိုက်မယ် ဟင်းဟင်း..."
VOUS LISEZ
How To Flirt your Crush....!
FanfictionCrush ကို ပြန်ကြိုက်လာအောင် ဘယ်လိုလုပ်ရမလဲ? Crush ကို ပြန်ကြိုက်လာအောင် ဘယ်လိုလုပ်ရမလဲ?