baby ဆိုးလေး

459 50 2
                                    

တစ်နေ့ တစ်နေ့ မအေးချမ်းနိုင်တဲ့ သူ့ တို့ အိမ်ထောင်ရေးကြောင့် မီးယောင်း စိတ်ပင်ပန်းလူပင်ပန်း ဘယ်လိုမှ အဆင်မပြေတော့။
အိမ်အောက်ထပ်ကိုဆင်းပြီး သူမ ရေတစ်ခွက်သောက်ကာ ဟိုဆော့ ထွက်အလာကို
စောင့်နေသည်။

'''ဂျောင်ဟိုဆော့'''

သူမခေါ်သံကြောင့် ခြေလှမ်းတွေရပ်တန့် သွားတယ်။

'''ဘာလည်း '''

မီယောင်း က တစ်ချက်ပြုံးကာ

'''oppa က ဒီ စည်းစိမ်တွေက မင်သူဌေး အပိုင်မို့ 
ယွန်းဂီ ကိုအားနာနေတာမလား ဒါကြောင့် အဲဒီ ပစ္စည်းတွေကို အကုန် မင်ယွန်းဂီ ကိုပြန်ပေးလိုက်ပါ
oppa အတွက် ကျွန်မရဲ့ အမွေတွေပြီးတော့ ရှယ်ယာတွေ အိုးးး နောက်ဆုံး ကုမ္မဏီ အကုန်ပေးမှာမို့  ကျွန်မ စကားကို နားထောင်ပေးပါ'''

ဟိုဆော့ က မီယောင်းကိုကြည့်ကာ

'''ငါလိုချင်တာ ချမ်းသာမူ မဟုတ်ဘူး မီယောင်း ပြီးတော့ ငါ့ငယ်စဉ်ကတည်း ကလေး ကိုချစ်ခဲ့တာ မြတ်နိုးခဲ့တာ …………''''

မီယောင်းက ဖြတ်ပြောကာ

''အဲဒါ အားနာမူ oppa …မကြားချင်ဘူး အဲ့ဒီ အချစ်တွေ မြတ်နိုးမူတွေ ကို '''

ထကာအော်ဟစ်ပြီး ဘေးနားက ပစ္စည်းတွေကောက်ခွဲကာ ငိုယိုလျက်ပင်။

ဟိုဆော့ ကြမ်းပြင်မှာထိုင်ချကာ ငိုယိုနေတဲ့ မီယောင်းကို လက်မောင်းမှဆွဲယူကာ

''မီယောင်း ကိုယ်ပြောမယ် ဒီလောက်မရူးသွပ်စမ်းပါနဲ့  '''

ဟိုဆော့စကားကို ခေါင်းခါပြီးငို ယိုကာ

''မဟုတ်ဘူး oppa ကျွန်မက oppa ကိုချစ်တာ''

ဟိုဆော့လည်း ရှေ့ ဆက်ဘာပြောရမှန်းမသိ။ မီယောင်းကိုလည်း သနားမိသည်။

''ကိုကို ''

ဝက်ဝံ ရုပ်လေးဖက်လာကာ ပြေးဆင်းလာတဲ့ ယွန်းဂီ
ကို နှစ်ယောက်လုံး ကြည့်မိကာ

'''ကလေး အိမ်ပေါ်တက် ကိုကိုလိုက်ခဲ့မယ် '''

ယွန်းဂီ ကနူတ်ခမ်းလေးဆူပြီး

'ဟုတ် ကိုကို မြန်မြန်လာခဲ့နော်''

ဟိုဆော့လည်း ခေါင်းညိတ်ပြလိုက်သည်။

''နေဦး ''

မီယောင်းရဲ့  ခပ်မာမာအသံကြောင့် ယွန်းဂီ ခြေလှမ်းတွေရပ်သွားကာ

'''oppa က နင့်ကို ချစ်တယ်တဲ့လား မရစေရဘူး '''

မီယောင်း ယွန်းဂီ ကိုသေချာကြည့်ရင်း မီးဖိုဆောင်မို့ အသင့်ရှိနေတဲ့ ဓါး တစ်ချောင်းကိုယူကာ

''''အင့် '''

ရုတ်ချည်းအခြေအနေကြောင့် ဟိုဆော့ပင်တားချိန်မရ

ရင်ဘတ်မှ ဓါးဒဏ်ရာဖြင့် သွေးများထွက်နေတဲ့
ယွန်းဂီ ကိုကြည့်ကာ

'''ကလေး…………'''

ဟိုဆော့ ယွန်းဂီ ကိုယ်လေးကို ပြေးဖက်ရင်း

'''ကလေးးး ကလေးး ကိုယ်ကို ထားမသွားပါနဲ့နော် ကိုယ့် ''

ယွန်းဂီ လက်ကလေး ဟိုဆော့ မျက်နှာကိုကိုင်လျက်

''ကိုကို နာတယ် အရမ်းနာတယ် ကိုကို ''

ိဟိုဆော့လည်း လက်ကလေးပြန်ကိုင်ကာ

'''ခဏသည်းခံနော် ကလေး ကိုယ် ရအောင်ကယ်မယ်''''

ဟိုဆော့ ယွန်းဂီကို ပွေ့ ချီကာ အမြန်ပင်ဆေးရုံသို့ ထွက်သွားသည်။

'''ဟားးဟားးဟားး ချစ်ချင်ကြဦး အခုတော့ ဘယ်သူ မှ မချစ်နိုင်တော့ ဘူး ငါ့ကိုလည်း မချစ်နိုင်သလို သူ့ ကိုမချစ်နိုင်တော့ဘူး ကောင်းတယ် ကောင်းတယ် ''''

တစ်ယောက်တည်းရီရင်း မီယောင်း လက်မှ သွေးတွေကိုကြည့်ကာ

'''သေစမ်း သေစမ်း နင်သေမှ ငါစိတ်ချမ်းသာမှာ သေစမ်း သေစမ်း '''

ကြမ်းပြင်ကို ဓါးနဲ့  တစ်ချက်ပြီးတစ်ချက်ထိုးနေပြန်သည်။

baby ဆိုးလေးWhere stories live. Discover now