နံပါတ်စဉ်(၃)
Eye contact ခဏခဏလုပ်ပေးပါ
"Jongdae Jongdae ဒီမှာကြည့် ငါ့ကို ငါ့သည်းညှာ
လေးက follow လိုက်ပြီ""တော်ပါတော့ Baekhyun ရယ် မင်းဟာကလည်း
မနေ့ညကလည်း ငါ့ကို မင်း တွေ့တွေ့ချင်းလည်း
ဖုန်းဆက်ပြီးပြောတယ် ညဘက် စာမေးတော့လည်း
ထပ်ပြောတယ် အခုလည်းပြောတယ် မင်း
မောသေမသွားတာ အံ့သြတယ်"Jongdae က မျက်ဖြူ စိုက်ရင်းပြောသည်....
ကျွန်တော်ကတော့ မမောနိုင်ပေါင် ဒီလောက်
ပျော်စရာကောင်းတဲ့ ကိစ္စကို....ဟိ...ဟိပြောရင်းဆိုရင်းနဲ့ canteen ကို ရောက်လာတဲ့
ကျွန်တော့်ရဲ့ အသည်းလေး...အဖြူ လေးနဲ့
သန့်ပြန့်နေတာပဲ......သူထိုင်လိုက်တဲ့နေရာကို ချစ်ခြင်းအပြည့်နဲ့
စိုက်ကြည့်နေလိုက်တော့.... သတိထားမိသွားသည်
ထင့် သူ့ကို ပြန်ကြည့်လာတော့ မျက်လုံးချင်းဆုံမိ
သွားသည်....ဆုံမိသွားတဲ့ မျက်လုံးတွေက နည်းနည်းလေးမှ
အသက်မပါပေမယ့် အချိန်တစ်ခုရောက်လာရင်တော့
ပျားရည်တွေ စိမ့်ထွက်လာနိုင်တဲ့ အချစ်မျက်ဝန်း
တစ်စုံ မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူးမလား...........................
မေဂျာပေါင်းစုံ welcome ရှိတာကြောင့်
ကျောင်းပြီးတော့မယ့် ကျွန်တော်က ဂျူ နီယာတွေကို
ပွဲနေကျလျင် ဘာလုပ်ရမည်ကို လိုက်ပြောရမည့်
တာဝန်ရှိသည်မို့ Sehun တို့ အခန်းကိုလည်း
'သွားချင် သွားချင်'နှင့် သွားရတော့သည်....အခန်းကို လျှောက်နေတဲ့ တစ်လမ်းလုံးလည်း
ခြေထောက်နဲ့ မြေကြီးမထိသလို...."အမေ့..!"
တစ်လမ်းလုံး မြေကြီးနဲ့ ခြေထောက်မထိခဲ့သမျှက
Sehun တို့အတန်းအဝင်ဝ ရောက်မှပဲ ခလုတ်တိုက်
မိတော့သည်...ငြိမ်နေတဲ့အခန်းက ရုတ်တရက်သူ့အသံ ထွက်လာ
တာကြောင့် Sehun အပါအဝင်အကုန်လုံး
သူ့ကို အာရုံစိုက်ပြီးကြည့်လာကြတယ်....
YOU ARE READING
How To Flirt your Crush....!
FanfictionCrush ကို ပြန်ကြိုက်လာအောင် ဘယ်လိုလုပ်ရမလဲ? Crush ကို ပြန်ကြိုက်လာအောင် ဘယ်လိုလုပ်ရမလဲ?