S p a c e (Unicode)

220 21 1
                                    

Taeyeon's Pov

ရက်တွေသာကြာသွားခဲ့ပင်မယ့် Tiffany က ကျွန်မကို စကားမပြောသေး၊ သူမ တောင်းဆိုခဲ့သည့်အတိုင်း ကျွန်မ သူမကို တွေ့တိုင်း ရှောင်ဖယ်သွားရန် မနည်းကြိုးစားခဲ့ရသည်၊ ကျွန်မ သူ့ဆီသွားပြီး သူမအဆင်ပြေရဲ့လားဟု မေးချင်လှသည်။

Tiffanyက ကျွန်မကို လျစ်လျူ.ရှုကာ မသိချင်ယောင်ဆောင်နေသည်၊ မသိလျင် ကျွန်မကပဲ ကူးစက်ရောဂါဖြစ်နေသလိုလို။ သူ ကျွန်မကို ကြည့်နေတဲ့ပုံက အေးစက်လှသည်၊ သူ ကျွန်မကို ကြောက်နေသေးသည်။

Toothlessလည်း ငြိမ်ချက်သားကောင်းလှသည်၊ အရင်နှင့် မတူလှ၊ သူ ပထမဆုံးအကြိမ် flea bath ငြင်းဆန်သည်။ သူ ဝမ်းနည်းပက်လက်ဖြစ်ကာ စကားတောင်မပြောတော့။

ကျွန်မရဲ့Panyကို ကျွန်မ လွမ်းလှသည်၊ ကျွန်မ သူမကို ပြောပြလိုက်သည့်အတွက်လည်း၊ ပြလိုက်သည့်အတွက် ကျွန်မ နောင်တရမည်မဟုတ်။

သူမ ကျွန်မကို လက်မခံနိုင်ဘဲ ငြင်းဆန်မည်ဆိုလျင်လည်း ကျွန်မ ဖိအားမပေးပါဘူး။

ကျွန်မ ဘာလို့ အကောင်းမမြင်တတ်တာပါလိမ့်။

ကျွန်မ ကော်ရစ်တာမှာ နံရံကိုမှီရင်း ရပ်နေတုန်း Sunny ရောက်လာသည်။

"Hey loner, နင့်mateက ဘာဖြစ်တာလဲ။ နင့်ကို မသိချင်ယောင်ဆောင်နေတုန်းပဲလား။" သူမ စနောက်ကာမေးသည်။

ကျွန်မ သူမကို ပြန်မဖြေခဲ့။ သူမနဲ့ စနောက်ကာ ဆော့ကစားဖို့ စိတ်မပါပေ။

"သူ့ကို အချိန်ပေးလိုက်ပါ Taeyeon.သူ ငါတို့ကို လက်ခံလာလိမ့်မယ်ဆိုတာ ငါသိတယ်၊ dude." ကျွန်မ သူမကို ပြုံးပြလိုက်ပါသည်။ အနည်းဆုံးတော့ အခု သူမပြောလိုက်သည့်စကားကို ကျွန်မ သဘောကျသည်။

"ဒါနဲ့ နင် အထုပ်အပိုး ပြင်ထားလိုက်၊ ငါတို့ မြို့ပြင်ထွက်ရမယ်။" သူမ မျက်နှာထားကမာလာသည်။

ဒါ ဟိုကိစ္စအကြောင်းပဲဆိုတာ ကျွန်မ သိလိုက်သည်။

"ငါတို့ ဒီ Seoulကရှိခဲ့တဲ့ အရင်packထဲက ဝံပုလွေတွေကို လိုက်ရှာပြီး သူတို့ကို မေးရမယ်၊ alpha ဘာဖြစ်သွားခဲ့တယ်ဆိုတာ သူတို့ ကိုယ်တွေ့ကြုံခဲ့ရမှာပဲ။ ဒီကနေ လမ်းစနည်းနည်းတော့ ရမှာပဲဆိုတာ ငါ သေချာသိတယ်။"သူမ ရှင်းပြပြီးတော့ ကျွန်မ ခေါင်းညိတ်လိုက်သည်။

"ဘယ်နှစ်ရက်ကြာမှာလဲ။" ဟု ကျွန်မ မေးလိုက်သည်။

"သုံးရက်ကနေ ငါးရက်အထိ ဖြစ်သွားနိုင်တယ်၊ နောက်အပတ် တနင်္လာနေ့မတိုင်ခင် ငါတို့ ပြန်လာကြမယ်။ အဲ့ဒါကြောင့် သုန်မှုန်နေတာကို ရပ်ပြီး ငါတို့ missionကိုပဲ အာရုံစိုက်စမ်းပါ။ ငါတို့ ပြန်လာရင် Tiffany လုံလောက်တဲ့ စဉ်းစားချိန်ရမယ်ဆိုတာ သေချာတယ်။" Sunny ပြောင်စပ်စပ်ပြုံးကာ မျက်ခုံးတွန့်ပြသည်။

အဲ့သည့်အချိန်မှာပဲ ကျွန်မ Tiffanyကို တွေ့လိုက်ရသည်။ နေပါဦး၊ ဘာ...

သူမက ဟိုအကောင် Nickနဲ့အတူတူ??? သူမ အဲ့အကောင်နဲ့ အမြဲအတူတူရှိနေတာကို ကျွန်မ သတိထားမိသည်။

Nickရဲ့ ဂုဏ်ယူဝင့်ကြွားနေတဲ့မျက်နှာကို ကျွန်မ မြင်လိုက်ရတော့ Toothlessက မာန်ဖီလာသည်။

"Tiffany က ငါ့ကောင်မလေးဖြစ်နေတုန်းပဲ၊ ငတုံးရဲ့..." Toothless ဒေါသထွက်လာကာ အမွှေးတွေဖွားထွက်လာသည်။

Sunny ကျွန်မနားသို့ ကပ်လာကာ ကျွန်မပခုံးပေါ် လက်တင်လိုက်သည်။

"သူ့ကို သဝန်တိုလာအောင် လုပ်ရမယ်.." သူမ ရယ်ကာပြောသည်။

Tiffanyကို ကြည့်ရတာ ဘာမှမဖြစ်သလိုပင်။Nickက သူမနှင့်အတူတူ လျှောက်လာနေတုန်းပင်၊ သူမ ကျွန်မတို့စာသင်ခန်း၏တံခါးဝ၌ ရပ်လိုက်သည်။ 

ကျွန်မ သည်အခွင့်အရေးကို မိမိရရအသုံးချ၍ သူမကို ကျွန်မ ရက်အနည်းငယ်လောက် ခရီးသွားရမည်ကိုပြောပြကာ စကားစမြည်ပြောရမည်။

ကျွန်မ သူမအနားသို့သွားကာ "Pany.."

သူမ မျက်မှောင်ကြုတ်၍ ကျွန်မကို ကြည့်လာသည်။

"ငါတို့ စကားခဏလောက်..."

"မရဘူး.." သူမ ဖြတ်ပြောကာ အခန်းထဲသို့ ဝင်သွားသည်။

သူ ကျွန်မကို သည်လောက်တောင် မုန်းသွားပြီလား။

ဟုတ်တယ်၊ ကျွန်မ သူမကို စဉ်းစားဖို့အချိန်ပေးရဦးမှာပဲ။

"နင့်ကိုယ်နင် တအားမျှော်လင့်မထားနဲ့ဦး Taeyeon." Sunnyက ကျွန်မကျောကို ပုတ်၍ အခန်းထဲသို့ဝင်သွားသည်။

သို့သော် ကျွန်မ Tiffanyကို လိုချင်သည်၊ သူမကို ကျွန်မရဲ့mateအဖြစ် အပိုင်ရချင်နေသေးသည်။

ဝမ်းနညးစွာဖြင့် ဒါက ကျွန်မရဲ့ရွေးချယ်မှုမဟုတ်၊ သူမ၏ ရွေးချယ်မှုသာဖြစ်သည်။

ကျွန်မ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားသင့်သည်။

သူမ ကျွန်မနှင့် ကျွန်မတို့မျိုးနွယ်ကို လက်ခံလာလိမ့်မည်ဟု ကျွန်မ မျှော်လင့်နေတုန်းပင်။

#####

Your votes and feedbacks are vitamin for me 💙💙💙💙

Thank you for reading 🙆🙆🙆

My Mate (Translation) 《Z & U 》Where stories live. Discover now