သတိရပြီး ပြန်လည်အိပ်ပျော်သွားတဲ့ Se-Hun ကို ဂရုတစိုက် စစ်ဆေးပြီးတဲ့ Xiao Zhan က ခါးကိုဆန့်လိုက်ပြီး အညောင်းဖြေလိုက်တယ်၊ တစ်ညလုံးဘေးနားမှာ စောင့်ကြည့်ပေးခဲ့တာမို့ ပင်ပန်းသွားတဲ့ Lu-Han ကတော့ ဟိုဘက်အခန်းမှာ သွားနားနေခဲ့ပြီ၊
ပျာလောင်ခတ်ပြီး ဟိုလျှောက်သည်လျှောက်လုပ်နေတဲ့ Xiao Zhan က အခန်းထောင့်မှာ မတ်တတ်ရပ်နေတဲ့ Wang Yibo ဘက်ကို မျက်လုံးအကြည့်မရောက်သွားအောင် လက်ထဲက ဆေးစစ်ချက်စာရွက်ကို ပြူးပြဲကြည့်ရင်း ကိုယ့်ကိုယ်ကို တရားချနေခဲ့တယ်၊ ဒီကောင်က ကောင်းကောင်းမွန်မွန်အနားမယူပဲ ဘာလို့ဒီမှာ ရှိနေရပြန်တာလဲ? အဲ့ဒီ့နေ့က အဖြစ်အပျက်ကို တွေးမိရင် ရှက်လွန်းလို့ ရူးမှာပဲ..၊ ငါက ဘာလို့ မျက်လုံးမှိတ်မိသွားတာလဲ၊ ဘာလို့ အဲ့လောက်လွယ်လွယ်ကြီး လက်ခံလိုက်မိတာလဲ..၊
ငါက ငတုံးလား၊
" ဟို.. "
ကိုယ့်ဟာကိုယ် ဖိုင်ပြားကြီးကိုက်ပြီး တောင်တွေးမြောက်တွေးလုပ်နေတုန်း ဘေးနားရောက်လာတဲ့ မရင်းနှီးတဲ့အငွေ့အသက်ကြောင့် သူ ထခုန်မတက်ဖြစ်သွားရတယ်၊ ဆတ်ခနဲ လှည့်ကြည့်တော့ ဟိုတစ်နေ့က သူတို့နဲ့အတိုက်အခံဖြစ်ပွားခဲ့တဲ့ ဆရာဝန်ကောင်ချောလေး၊
လုံခြုံရေးအတင်းအကြပ်စောင့်ကြည့်ထားရတဲ့ သည်အခန်းထဲကို ပြင်ပလူဝင်ခွင့်မရှိတာမို့ Xiao Zhan က တွေတွေဝေေ၀လေးကြည့်တော့ နားလည်လွယ်တဲ့ ကောင်လေးက လက်တကာကာနဲ့ Yibo ဘက်ကို လက်ညိုးထိုးပြရင်း ပြောတယ်၊
" ဟိုလေ.. အာ.. ဟိုအစ်ကိုက ၀င်ခွင့်ပြုလို့ပါ "
" အော်.. အင်း .. ဘာပြောချင်တာများရှိလို့"
စကားထောက်ပေးလိုက်တော့ ချောမောတဲ့ ဆရာဝန်လေးက ရှက်နေသည့်ဟန်နဲ့ သူ့လည်ပင်းကို သူ ပွတ်သတ်နေသေးတာမို့ လက်ထဲက ဆေးစစ်ချက်ဖိုင်တွဲကို ခုံပုလေးပေါ် သေသေသပ်သပ်တင်လိုက်တဲ့ Xiao Zhan က ဂရုတစိုက်နားစွင့်နေပေးလိုက်တယ်၊
" အစ်ကို့ရဲ့ ဆရာဝန်ပီသတဲ့လုပ်ရပ်အတွက် အရမ်းအားကျမိလို့ပါ၊ ပြီးတော့ စိတ်မရှိရင် ဒီစာလေး လက်ခံပေးပါလား "
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...