I will rewrite it again,
our story will not end.~~~
ကိုယ်တို့ ပျော်ရွှင်ရမှာမလား ?
ဖြေသူကင်းမဲ့နေသည့် မေးခွန်းတစ်ခု.. ။
စာရွက်လှန်သံတွေ ၊ တစ်စုံတစ်ယောက်က ဘောပင်ကိုကိုင်ပြီး လှုပ်ရှားနေသည့်အသံတွေ နောက်ပြီး အနားကို နီးနီးကပ်ကပ်ရောက်လာသည်ဟု ထင်ရသော ခြေသံတစ်ခု.. ။
" ဘာလုပ်နေတာလဲ "
အနောက်ကနေ သိုင်းဖက်ရင်း မေးလာသည့် ကျွန်ုပ်ချစ်ရပါသော လူသား..။
" အင်း... နည်းနည်း မကောင်းတဲ့လူဆိုးတစ်ယောက်အကြောင်းကို စဉ်းစားနေတာ "
ဖက်တွယ်ထားသော လက်နှစ်ဖက်အား ပြန်လည်ဆုပ်ကိုင်လိုက်ရင်း မျက်လုံးချင်းဆုံကာ ဖြေလေတော့
" မကောင်းတဲ့လူဆိုး ? ဘယ်သူလဲ ? "
ဆိုးဆေးအကူအညီမပါဘဲ ပန်းရောင်သမ်းနေသော နှုတ်ခမ်းပါးအား လျှပ်တပြက် လှမ်းနမ်းလိုက်တာကြောင့် ဝိုင်းစက်သွားလေသည့် မျက်လုံးလေးတွေ.. ။
" မကောင်းတဲ့လူဆိုးက.... ကင်မ်ဆော့ဂျင် မင်းပဲလေ ခဏခဏ ငါ့ကိုစိတ်မထိန်းနိုင်အောင် လာလုပ်နေတယ် "
" ဟေ့ကောင် ကင်မ်နမ်ဂျွန် မင်းသေပြီသာမှတ်! "
ရာဇသံပေးအပြီး ထိုင်ခုံမှထကာ သူ့လက်မှ လွတ်အောင်သာ
ပြေးရတော့သည် ။နန်းတော်တမျှကြီးကျယ်ခမ်းနားလှသော အိမ်အတွင်း၌ တိတ်ဆိတ်မှုများကိုဖြိုခွင်းထားသည့် လူနှစ်ဦး၏ ရယ်မောသံများသာ ဖုံးလွှမ်းလျက်ရှိလေ၏ ။
~~~အပြစ်အနာအဆာကင်းသော ဆော့ဂျင်၏မျက်နှာသည် နေရောင်ခြည်၏ ပံ့ပိုးမှုကြောင့် ရွှေရောင်သို့ မသမ်းတစ်ချက် ၊ သမ်းတစ်ချက်ဖြင့် တောက်ပလို့နေ၏ ။
လေပြင်းတစ်ချက်အဝှေ့တွင် ဝေ့ဝဲကျလာသော သစ်ရွက်ကြွေများက ကျွန်တော့်ပေါင်ပေါ်တွင် လဲလျောင်းနေသော ဆော့ဂျင်ထံသို့သာ တန်းတန်းမတ်မတ် ခစားကြသည် ။
YOU ARE READING
Writing My Own Story (Romance Mood On)✔
RomanceInspired by B2st (Highlight)'s Fiction cover by @dalumii