ချစ်သောနှင်းဆီ ( 10.3 )

6.2K 254 38
                                    

ချစ်သောနှင်းဆီ ( 10.3 )

အလင်းနတ်ဘုရားအတွက် ပူဇော်ပသသည့်ပစ္စည်းတွေက အကောင်းဆုံးဖြစ်ဖို့ လိုအပ်သည်။

အလင်းဘုရားကျောင်း၏နောက်ဘက်တွင် ကြီးမားသော သစ်သီးဥယျာဉ်ခြံရှိပြီး ကုန်းမြေပေါ်တွင် သီးပွင့်သောအရသာရှိသည့် ဘယ်အသီးအနှံမဆို ထိုခြံထဲတွင် တွေ့နိုင်ကာ သန်မာခွန်အားကြီးသော ဥယျာဉ်မှူးတွေက အသေးစိတ်ဂရုစိုက်ကြသည်။ ရက်သတ္တပတ်နှစ်ပတ်ကြာတိုင်း အကောင်းဆုံးနှင့် အချိုဆုံးအသီးတွေကို ခူးယူပြီး ဘုရားကျောင်းက အစေခံတွေ ရွေးချယ်နိုင်ရန် ရေခဲပေါ်တင်ထားကြသည်။

ဘုန်းတော်ကြီးကိုယ်တိုင် ကြွရောက်လာတာ မြင်လိုက်တော့ ဥယျာဉ်မှူးနှစ်ဦး အလွန်အံ့အားသင့်သွားပြီး အလျင်အမြန် ဦးခေါင်းညွှတ်အရိုအသေပေးကြသည်။

" ငါ အလတ်ဆတ်ဆုံးအသီးတွေ လိုချင်တယ်။ ဖြစ်နိုင်ရင် လွန်ခဲ့တဲ့စက္ကန့်ပိုင်းက ခူးယူထားတဲ့အသီးတွေ လိုချင်တယ်။ "
လူငယ်လေးသည် အလွန်မာနကြီးပြီး ဖခင်မှလွဲ၍ ဘယ်သူ့ကိုမှ အဖက်မလုပ်ဘဲ တစ်သီးတစ်ခြားသာနေသည်။

ဒါပေမယ့် အလင်းပိုင်ရှင်ဘုန်းကြီးအားလုံး အဲလိုမျိုးပဲဖြစ်လို့ ဥယျာဉ်မှူးနှစ်ဦးလုံး ထူးဆန်းသလို မခံစားရဘဲ သစ်သီးများကို အလျင်အမြန် ခူးယူကာ ခြင်းတောင်းထဲထည့်ပြီး ဘုန်းတော်ကြီးရှေ့ ချပေးလိုက်သည်။

ကျူးယွင်ရှန့်သည် ခေါင်းငုံကြည့်လိုက်ပြီး သစ်သီးအနည်းငယ်ကို မြည်းစမ်းကာ စားကောင်းမှန်းသေချာမှ သူ့ခြင်းတောင်းထဲ ထည့်လိုက်သည်။ သူ ဘုရားကျောင်းဆီ ပြန်ရောက်တော့ သစ်သီးများကို သန့်စင်မွန်မြတ်သောကန်ထဲမှရေဖြင့် ဆေးကြောပြီးနောက် နံဘေးတွင်ထားကာ အဆာသွတ်မုန့်လုပ်ရန် ပြင်ဆင်လိုက်သည်။

" အရှင် … buckwheat အမှုန့်နဲ့ ရေကို မြေခွက်ထဲ ထည့်ပြီး မုန့်ညက်ရအောင် နယ်လိုက်ပါ။ ပြီးရင် ကြက်ဥလောက်ပမာဏကို ဖဲ့ယူပြီး အဝိုင်းပုံရအောင် ဖိပြားလိုက်ပါ။ "
အစေခံသည် သူ မလုပ်တတ်မှာ စိုးရိမ်တာကြောင့် မုန့်ညက်တစ်ချို့ကို ယူလိုက်ပြီး လင်ဗန်းပေါ်တွင် လက်တွေ့သရုပ်ဖော်ပြလိုက်သည်။
( buckwheat - ဂျုံမဟုတ်ပေမယ့် ကယ်စီဓာတ်ပါဝင်မှုများသော ကောက်ပဲသီးနှံတစ်မျိုး )

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 21, 2019 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ခ်စ္ေသာနွင္းဆီ / ချစ်သောနှင်းဆီ ( ဗီလိန္မာယာ Arc 10 )Donde viven las historias. Descúbrelo ahora