⚠BECAUSE...⁉
အမှား လုပ်မိတဲ့သူတိုင်းက...အမှားလုပ်မိကြောင်း ဝန်မခံချင်တာများပါတယ်...။ကိုယ့်အမှားကို ဝန်ခံတဲ့သူတိုင်းကလဲ...အပြစ်လွတ်သည်မှ မဟုတ်တာ....။ဒါကြောင့်ပဲ...အမှားကျူးလွန်ပြီးရင် ဝန်မခံချင်ကြတာပေါ့...၊ဒါတွေက လူညံ့တွေရဲ့ အလုပ်...လို့ပြောရင် မှားမည်လား...၊မှန်သည်..ဟုလဲမဆိုနိုင်ပါ...။အဘယ့်ကြောင့်ဆိုသော်...အမှားလုပ်မိတဲ့သူတိုင်းက လူညံ့မဟုတ်သလို..လူညံ့တိုင်းကလဲ အမှားလုပ်မည်မှမဟုတ်တာ........။
*~*~*~*~*~*~*~*~*~*~*~*~*
နေဝင်ချိန်ဖြစ်သည့်အတွက်....ညနေဆည်းဆာ၏ ထုံးစံအတိုင်း....လိမ္မော်သန်းနေသောကောင်းကင်ကြီးအောက်တွင်... မီးခိုးရောင် လမ်းကလေးအတိုင်း...မောင်းနှင်လာသော နက်ပြာရောင်ပြိုင်ကားလေးထဲမှ ကောင်လေးနှစ်ယောက်ကတော့............
ဟန်ဇင်ခ နဲ့ လင်းရောင်ခ........"ဟူး...6 နာရီတောင်ထိုးနေပြီ...ကိုကြီးကလဲ...ဒီနေ့မှနောက်ကျရတယ်လို့...ကျစ်...ဟိုလူငါ့ကိုစောင့်ပါ့မလား...ငါ့ကိုစိတ်ဆိုးသွားရင်တော့ ဒုက္ခပဲ...."
ကားမောင်းနေသော ဟန်ဇင်ခ ၏ ဘေးမှာထိုင်လျှက်...လင်းရောင်ခ တစ်ယောက် စိတ်ထဲတွင်သာ စကားဆိုမိသည်....။ကနာမငြိမ် ဖြစ်နေသော လင်းရောင်ခ အား...ဟန်ဇင်ခ စိုက်ကြည့်လိုက်ရင်း......
" ကစ်...ဘာဖြစ်နေတာလဲ...ချွေးတွေတောင်ထွက်နေတာလား...။ ဟောဗျာ...အဲကွန်းလဲဖွင့်ထားလျှက်နဲ့ ဘယ်လိုဖြစ်ရတာလဲ ကစ်ရဲ့...."
"သြော်...ဟို..ဟိုဟာ...ကျွန်တော်..ဟို..Toi..Toilet သွားချင်လို့ပါ...ကို..ကိုကြီး...."
ကျွန်တော့ပုံစံဘယ်လောက်ပျက်နေလဲတော့မသိ....ကိုကြီးက လာမေးနေတော့လဲ...ဖြေချင်ရာသာ ဖြေလိုက်မိတယ်....။
"အဟား..ဟား...ကစ်ကတော့ကွာ...ကလေးကျနေတာပဲ...ရုံးမှာသွားခဲ့လိုက်တာမဟုတ်ဘူး....အဟင်း...အင်းပါ ကိုကြီးမြန်မြန်မောင်းပေးမယ်နော်..."
"ဟုတ် ကိုကြီး...အဟီး..."
ကိုကြီး မြန်မြန်မောင်းလိုက်တော့မှ စိတ်ထဲ နဲနဲတော့ပေါ့သွားသည်...။ကိုကြီးမသိပါဘူးဗျာ...အခု သားဖြစ်နေတာက Toilet သွားချင်တာထက်ဆိုးတယ်ဗျ.....ဟူး.....။
VOUS LISEZ
⚠BECAUSE...⁉ {U+Z} (Completed)
Roman d'amourဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............