" မောနင်း! "
အိပ်ယာနိုးနိုးချင်း ခေါင်းကိုက်ပြေအောင်၊ချဉ်စုတ်စုတ်အနံ့ပျေက်အောင် ရေထချိုးပစ်လိုက်တဲ့ Xiao Zhan က တီရှပ်အဖြူနဲ့ အနက်ရောင် ဘောင်းဘီရှည်ပွပွကို ၀တ်ပြီး ထမင်းစားခန်းထဲကို ၀င်လာတယ်၊ မနက်စာ ပေါင်မုန့်လေးကို ကိုက်နေရင်းတန်းလန်းကနေ သူ့အား လှမ်းနှုတ်ဆက်တဲ့ Se-Hun ကို ပြန်ပြုံးပြလိုက်ရင်း ရေစိုနေတဲ့ဆံပင်တွေကို ဖြစ်သလိုသုတ်လိုက်ပြီး တဘတ်အဖြူကို ဂုတ်ပေါ်တင်လိုက်တယ်၊
ပျားသံပုရာရည်ကို Xiao Zhan တစ်ယောက်တည်းအတွက် သီးသန့်ကွက်ဖျော်ပေးတဲ့ Yibo က အလိုက်သင့် ဖန်ခွက်လေးကို လှမ်းပေးတယ်၊ Se-Hun ကတော့ သူ့ကျေးဇူးရှင်ဆရာဝန်လေးကို ပေါင်မုန့်ယိုသုတ်ပေးပြီး အလိုက်သိတယ်၊ အချစ်ခံနေရတဲ့ Zhan Zhan ကတော့ ဖန်ခွက်လေးကို တစ်ဖက်၊ ပေါင်မုန့်ကိုတစ်ဖက်ကိုင်ရင်း ဧည့်ခန်းဘက်ကို လှမ်းကြည့်တယ်၊
" အော.. ဧည့်သည်ရောက်နေတာလား "
ကြွက်အသိုက်လို ရှုပ်ပွဖွာကျဲနေတဲ့ ဧည့်ခန်းမှာ အားလုံးက ကြမ်းပြင်ပေါ်၊ ဆိုဖာပေါ်မှာ အသီးသီးဖြစ်သလို အိပ်မောကျနေတာကြတာ ဖြစ်တယ်၊ Jong In က သူ့ချစ်သူ Kyung Soo အမှတ်နဲ့ ရင်ခွင်ထဲထည့်ဖက်ထားတဲ့ အသက်ကြီးကြီးဦးလေးတစ်ယောက်ကို မြင်တာကြောင့် Xiao Zhan က မေးလိုက်ခြင်း၊
Kyung Soo အစစ်ကတော့ Jong In နဲ့ နောက်ကျောဘက်မှာ ကွေးကွေးလေးအိပ်လို့..၊ Luhan ကတော့ ဆိုဖာပေါ်မှာ တစ်ဦးတည်းဖြဲကားအိပ်နေပြီး ကြမ်းပြင်ပေါ်က Baek-Hyun ကတော့ အရပ်ကြီးရှည်သလောက် ပုစွန်ထုတ်လေးလို သနားစရာကွေးအိပ်နေတဲ့ Chan-Yeol ရဲ့ လည်ပင်းပေါ် လက်တစ်ဖက်ဆန့်ထုတ်တင်ထားတယ်၊
သူ့အမေးကို ဘယ်သူမှပြန်ဖြေသံမကြားရတာမို့ Sehun နဲ့ Yibo ကို လှည့်ကြည့်ပြီး ပျားသံပုရာရည်ကို တစ်ငုံ ငုံလိုက်တယ်၊ လည်ပင်းကို ပွတ်ပြီး ပြောရခက်နေဟန် Se-hun က တစ်ခုခုပြောတော့မလိုလုပ်ပြီးမှ ပေါင်မုန့်ကိုပဲ ကိုက်ပြီး ငြိမ်သွားတယ်၊ သိချင်တဲ့မျက်လုံးလေးတွေက တောင်မြောက်ရွေ့လျားနေတာမို့ Yibo က သူ့နှုတ်ခမ်းကို ဟလိုက်တယ်၊
" ဆယ်ဟွန်းရဲ့ အဖေ.. "
လည်ပင်းထဲကို မျိုကျလုနီးပါးအရည်တွေ ပြန်ကန်ထွက်လာပြီး Yibo ရဲ့ မျက်နှာပေါ်ကို ထွေးမိတော့မတတ်ဖြစ်သွားတာမို့ အတင်းမြိုချပစ်လိုက်တော့ တဟွတ်ဟွတ်ချောင်းဆိုးပြီး သီးကုန်တော့တာပဲ၊ ပျာယာခတ်သွားတဲ့ Yibo က ရေတစ်ခွက်ကမ်းလာပြီး ကျောပြင်ကို သာသာယာယာပွတ်ပေးတယ်၊ ဒါပေမဲ့ မနေ့က ဘာလုပ်ခဲ့မှန်းမသိတဲ့ ဒဏ်တွေကြောင့် နာကျင်သွားတာမို့ တွန့်ခနဲ ရုန်းလိုက်ရင်း လက်ထဲက ပျားရည်ခွက်ကို စားပွဲပေါ်ချလိုက်တယ်၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...