အပိုင်း(၁၇)ရွှေအဆင့် သိုင်းလေ့ကျင့်ဖက်

542 86 0
                                    

အပိုင်း(၁၇)ရွှေအဆင့် သိုင်းလေ့ကျင့်ဖက်

ကျန်းရီသည် စကားဆုံးသည်နှင့် ချက်ချင်းနောင်တရသွားသည်။ သူသည် တစ်စုံတစ်ရာကို မေ့လျော့နေခဲ့သည်။ ကျန်းဟန်ရွှေသည်လည်း သိုင်းခန်းမတွင် လေ့ကျင့်နေသည် မဟုတ်ပါလော။

သူသာ ကျန်းဟန်ရွှေနှင့် တွဲဖက်ဖြစ်သွားလျှင် သူ၏ သရုပ်မှန်သည် ချက်ချင်းပေါ်သွားမည် ဖြစ်သည်။ ကျန်းမိသားစု၏ လူငယ်မျိုးဆက်တစ်ယောက်က သိုင်းခန်းမတွင် သိုင်းလေ့ကျင့်ဖက်အဖြစ် ဆောင်ရွက်နေသည်။ ဒါက လုံးဝ ကြောက်စရာကောင်းနေတာ မဟုတ်ဘူးလား။

သို့သော် အနက်ရောင်သံချပ်ဝတ် အစောင့်တစ်ယောက်သည် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းသူ့လက်ကို ဆွဲကာ အထဲကို ခေါ်သွားတော့သည်။ သူတို့ လမ်းလျှောက်နေစဉ်တွင် အစောင့်သည် သူ့ကို နှစ်သိမ့်လာခဲ့သည်။

"မစိုးရိမ်နဲ့... သိုင်းခန်းမမှာ တစ်ယောက်က တခြားသူတွေကို သေတဲ့အထိ ရိုက်ဖို့ ခွင့်ပြုမထားပါဘူး...ပြီးတော့ သိုင်းလေ့ကျင့်နေတဲ့ အချိန် မင်းဒဏ်ရာရသွားမယ်ဆိုရင်လည်း သိုင်းခန်းမက ဒဏ်ရာတွေ ကုသဖို့ ဆေးဝါးအထောက်အပံ့တွေ ပေးမှာပါ"

ကျန်းရီသည် တစ်ခုခုလွဲနေသည်ကို ခံစားမိခဲ့လိုက်သည်။ သိုင်းခန်းမထဲမှာ သခင်လေးတွေ၊ သခင်မလေးတွေ ဘယ်လောက်တောင် ရှိနေတာမို့လဲ? သိုင်းလေ့ကျင့်ဖက်က ဒီလောက်တောင် ဆိုးဆိုးဝါးဝါးရှားပါးနေတာ ဖြစ်သင့်ပါရဲ့လား? သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပထမအဆင့်မှာဘဲ ရှိသေးတဲ့ ကျန်းရီလို လူတောင် သိုင်းလေ့ကျင့်ဖက် ဖြစ်လာနိုင်နေသည်။

ခန်းမတွင်းရှိ လေထုသည် သန့်ရှင်းလတ်ဆတ်နေသည်။ တစ်ဦး၏ ကျင့်ကြံနှုန်းကို မြန်ဆန်စေနိုင်သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည်လည်း ပြည့်ဝနေပေသည်။ အစောင့်၏ နောက်မှ သူလိုက်လာပြီးနောက် မြင်လိုက်ရသည်က လူတစ်ဦးတစ်ယောက်မှ မရှိဘဲ ခမ်းနားထည်ဝါနေသော ခန်းမအလွတ်ကြီး တစ်ခုသာ။ သူသည် ကျန်းဟန်ရွှေနှင့် မတွေ့ပါစေနဲ့ဟု တိတ်တဆိတ် ဆုတောင်းရင်း ဝတ်ရုံကို အသာအယာ ဆွဲချလိုက်သည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now