About story

17.1K 1.1K 43
                                    

နန်ခမ်းက သူ့ရဲ့ချစ်သူဟောင်းကို အသက်သုံးဆယ့်ငါးနှစ်မတိုင်ခင်အထိ စောင့်နေမယ်ဆိုတဲ့အကြောင်းပြောထားတဲ့ ဒိုင်ယာရီလေးတစ်ခုပေါ့။

ချစ်ခဲ့ရတဲ့ အခိုက်အတန့်လေးတစ်ခု စကတည်းက ဖြစ်လာတော့မယ့် အဆုံးသတ်ကို ခန့်မှန်းထားခဲ့သင့်တာ။

တစ်လောကလုံးက ချစ်ခြင်းမေတ္တာကို ကောင်းချီးပေးထားရဲ့သားနဲ့ ဘယ်တော့မှ အချစ်ကိုဝန်မခံခဲ့ဘူး။

ဘာဖြစ်လို့များလဲ။

နန်ခမ်းရာ သုံးဆယ့်ငါးနှစ်ဆိုတာ အရမ်းကြာတာပဲ။
ရှောင်ကျောင်းမှာရှိတဲ့ ရေတွေကလည်း အေးစက်နေမှာ။ အဝေးကြီးက ကောင်းကင်ဘုံမှာ မင်းတစ်ယောက်ထဲဖြစ်နေမှာ စိုးတယ်။ သူကတော့ အိမ်ဆိုတဲ့ နိဗ္ဗာန်ဘုံလေးမှာ အမျိုးသမီးလေးတစ်ယောက် ကလေးငယ်လေးတစ်ယောက်နဲ့ အခြေကျနေလောက်ပြီပေါ့။
နန်ခမ်း ခင်ဗျားစောင့်နေခဲ့ရတာကို နောင်တရဖူးလား...?

(ဒီဇာတ်လမ်းလေးက နန်ခမ်းဆိုတဲ့ ဘဝတစ်လျှောက်လုံးမှာ သူများတွေရဲ့ ဇာတ်လမ်းလေးတွေကို ရေးဖွဲ့တတ်တဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်လေးပါ။ နန်ခမ်းမှာ ချစ်ရတဲ့ ချစ်သူကောင်လေးတစ်ယောက်ရှိပြီး နန်ခမ်းရဲ့ ချစ်သူကတော့ မိသားစုနဲ့ ပတ်ဝန်းကျင်ဒဏ်တွေကို မခံနိုင်တာကြောင့် မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပါတယ်။
မတ်လ၉ရက်နဲ့ ၂၀၀၈ခုနှစ် မတ်လ၁၂ရက်ကြားလောက်မှာ နန်ခမ်းဟာ ရှောင်းကျောင်မြစ်ရေထဲ အဆုံးစီရင်သွားခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ နန်ခမ်းရဲ့ စာဖတ်ပရိသတ်တွေက သူ့အတွက် အမှတ်တရမွေးနေ့ပွဲလေး ကျင်းပပေးခဲ့ကြပါတယ်)

အသက် 35 နှစ်ထိ မင်းကို စောင့်နေမယ် (Translation)Where stories live. Discover now