Zawgyi
XiaoZhan ဆိုင်ထဲကပြေးထွက်လာရင်းးး
ဒုန်းးးးး
ကားတိုက်ခံလိုက်ရသော ကျန့်ကျန့် ခန္ဓာကိုယ် တစ်ခုလုံးသွေးများဖြင့်ဆေးခြယ်ထားသကဲ့သို့ တစ်ကိုယ်လုံးနာကြင်မှုထက် ရင်ဘတ်ထဲက နာကြင်မှုက ပိုလျက်။ကျွန်တော့်ဘဝမှာ ကိုကိုက ပထမဦးဆုံးပါ။ အရာအားလုံး ပထမဦးဆုံးပါ။ ကျွန်တော် ကိုကိုမရှိပဲနေရမှာထက် တမလွန် ကို စောစောထွက်သွားတော့မယ် ကိုကို။ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်။ မချစ်တော့ဘူးလို့ပြောနေရင်း ငြင်းနေရင်းနဲ့တောင် ကျွန်တော့်ချစ်ခြင်းတွေက ခါးခါးသီးသီးကို ပွင့်ဖူးနေတုန်းပဲ။ သိပ်ချစ်ခဲ့ပါတယ် ကိုကို။ တောင်းပန်ပါတယ် ဖေဖေ မေမေ နဲ့ ကိုကိုကြီး ♡
Wang Yibo Pov:
ပြေးထွက်သွားတဲ့ ကလေးနောက်ပြေးလိုက်ရင်း မမြင်နိုင်တဲ့မြင်ကွင်းတစ်ခု။ မဖြစ်ရဘူး ။
ကလေး ကလေး သွေးပေနေတဲ့ ကလေးခန္ဓာကိုယ်ကို ပွေ့ယူရင်း ယူကျုံးမရ နောင်တများနဲ့။
" ကျွန်တော့်ကိုခေါ်သွားကျပါ ကလေးအစား ကျွန်တော့်ကို လုပ်ကျပါလား ကံကြမ္မာကြီးရယ် ကျွန်တော် နောင်တရနေပါပြီ အရာရာအားလုံး ကလေးစိတ်တိုင်းကျဖြစ်စေရမယ်။ ကလေး ကြိုက်တဲ့မုန့်တွေ ကိုကိုကိုယ်တိုင်လုပ်ကျွေးမယ် ကလေးနဲ့ တစ်စက္ကန့်မှ မခွဲတော့ပဲနေမယ်။ ထွက်မသွားပါနဲ့ ။ ချစ်တယ် ချစ်တယ် ငိုရင်းအော်ရင်းနဲ့ သွေးပေနေတဲ့ ကလေးကို ရင်ခွင်ထဲ ထည့်ပြီး သတိမေ့သွားသော Yibo။Ambulance ကားသံဆူဆူညံညံနှင့် ဆေးရုံထဲ ဝင်လာသောကားနှစ်စီး ။
"Dr. Xiao ယာဉ်တိုက်မှု ထိခိုက်တာများတယ်။ တစ်ယောက်က သူ့ချစ်သူထင်တယ် ဘေးမှာ သတိလစ်သွားတာ။ "
xiaozhan အိမ်ကလူများရောက်လာသည်။ Xiao ကတော်ကတော့ သတင်းကြားကြားချင်း ပြင်ပလူနာဋ္ဌာနတွင် ဆေးသွင်းနေရသည်။ Xiao ပါပါးကတော့ ပြိုလဲတော့မယ့် ခန္ဓာကိုယ် ကို ထိန်းချုပ်ရင်း သားငယ်လေးရဲ့ ခွဲခန်းရှေ့တွင် မျက်ရည်များသွင်သွင်ကျလျက် ထိုင်နေသည်။ Pai Lui ကတော့ ဖြစ်စဉ်တစ်ခုလုံး စုံစမ်းလျက် အမှုရင်ဆိုင်ဖို့အတွက် ရှေ့နေများနှင့် တိုင်ပင်ကာ အလုပ်ရှုပ်နေလေသည်။
Li Xiao မှာမူ သတိလစ်နေသူမှာ ဝမ်ဝမ်ဖြစ်နေ၍ ဖြစ်စဉ်တစ်ခုလုံး မေးမြန်းရင် yb ဘေးတွင် ငိုင်ငိုင်ကြီးထိုင်နေလေသည်။
Wang yibo သတိရလာသည်။
" ဝမ် ဝမ် သတိရလာပြီလား "
YOU ARE READING
ဒဏ်ရာများနဲ့အချစ် [ ဒဏ်ရာများနဲ့အချစ် ]
FanfictionZawgyi အချစ်ကို နားလည်ဖို့ကြိုးစားတိုင်း နာကျင်ရတယ် xiao zhan အချစ်ကို အချစ်နဲ့ကုစားခြင်းက မှားယွင်းမှုတစ်ခုလား wang yibo အရာအားလုံးထက် မင်းတစ်ယောက်ပဲ လိုတာပါ Li xiao နာကျင်မယ်မှန်းသိသိနဲ့ ချစ်ခဲ့တာပါ Pai Liu ကျွန်တော်ဘာမှမသိဘ...