Part-26

382 20 2
                                    

⚠BECAUSE...⁉

ချစ်ခြင်းမေတ္တာအကြောင်းကို ဖွဲ့နွဲ့ရရင်....1500 ဆိုတဲ့ မေတ္တာကတော့...သိပ်ကို...ကဗျာတွေ၊စာတွေ ဖွဲ့နွဲ့လို့်ကောင်းတာပေါ့...။သိုပေမဲ့..တစ်ချို့သော 528 မေတ္တာတို့ကလည်း...1500 မေတ္တာလောက် နက်ရှိုင်းနိုင်ပါတယ်....။ခံစားချက်တစ်ခုဖြစ်ပေါ်လာရင်...ထိုခံစားချက်ရဲ့အဖြေကိုရှာနိုင်ဖို့ကလဲ...ခက်ခဲပေလိမ့်မည်...။အချစ်ကြီးမိရင်...၊အချစ်ရဲ့နောက်မှာ အတ္တတစ်ခုပါခဲ့ရင်...ထိုအချစ်က 1500 ပဲ ဖြစ်ဖြစ် 528 ပဲဖစ်ဖြစ်...ပူလောင်ရမည်သာ................

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

ကြည်လင်နေတဲ့ကောင်းကင်...လတ်ဆက်နေတဲ့ လေနုအေးနှင့်..အနွေးဓာတ်သဲ့သဲ့လေးက နေရောင်ခြည်နှင့်အတူရောထွေးလျှက်...၊ပျော်မြူးနေတဲ့ငှက်တို့ရဲ့တွန်ကြူးသံလေးက..သာယာစိုပြေနေတဲ့နံနက်ခင်းလေး၏ အလှတရားသည်သာ..........

"ကိုကြီး...ထဗျာ ကတိပေးထားပြီးတော့...အိပ်ချင်ယောင်ဆောင်မနေနဲ့နော်...ထဗျာ ထထ..."

ဟန်ဇင်ခ ၏ အိပ်ယာဘေးမှာထိုင်ရင်း...အစ်ကိုဖြစ်သူအား အိပ်ယာမှထအောင် စိတ်တိုနေသည့်ပုံစံနှင့် နှိုးနေသူက....
နေမင်းခ....

"ဝှါး...အွန်း...ကစ်ကလဲ ဒီနေ့ Sunday လေကွာ...ဘာလို့ လာနှိုးနေတာလဲ...."

နေမင်းခ နှိုးနေသည်ကို ကစ်အထင်နှင့်...ဟန်ဇင်ခ ပြောနေသည်ကို...နေမင်းခ တစ်ယောက် ဒေါသထွက်ပြီး.....

"ကစ်မဟုတ်ဘူးဗျို့....နေမင်းခပါ...နေမင်းခ ကိုကြီးညီ နေမင်းခ..!!!"

နားကိုကပ်ပြီး အော်ပြောလိုက်တော့...ဟန်ဇင်ခ လန့်ပြီးထထိုင်လိုက်သည်...

⚠BECAUSE...⁉   {U+Z} (Completed)Donde viven las historias. Descúbrelo ahora