အပိုင်း ( ၂၀ )

7.6K 882 58
                                    

" ဘယ်လိုလဲ.. အဲ့ဒီ့လူ အသက်ရှင်ရဲ့လား "

ခွဲခန်းရဲ့အရှေ့မှာ စာအုပ်ဖတ်ပြီးထိုင်နေတဲ့ Chan-Yeol က ခွဲစိတ်ခန်းဝတ်စုံလေးကို မလဲနိုင်ပဲ လူနာ့ရဲ့သွေးတွေ အမြောက်အမြား စွန်းထင်းသွားတဲ့ သူ့ဂျူတီကုတ်အဖြူလေးပိုက်ပြီးထွက်လာတဲ့ Jong Dae ကို လှမ်းမေးလိုက်တယ်၊ ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြတဲ့ ကောင်လေးက ပြုံးပြုံးရွှင်ရွှင်မျက်နှာထားလေးလုပ်ပြပြီး သူ့ဘေးကို လာထိုင်တယ်၊

"ဒီဂျုံဒေးလေးက ဘယ်သူရဲ့တပည့်မို့လို့လဲ.. စီနီယာချန်းယောရဲ့ တပည့်လေ၊ ဒီလောက်ကတော့ အေးဆေးပါနော်.. "

" အောင်မလေး.. ချွဲလိုက်တာဗျာ၊
ကိုကြီးMinseok ရဲ့အချစ်တွေကိုရော ဒီလိုချွဲပြီး သိမ်းပိုက်ထားတယ်ပေါ့ ၊ ဟုတ်လား "

သူ့ရင်ဘတ်သူ ပုတ်ရင်း ဂုဏ်ဆာတဲ့မျက်နှာထားလေးကြောင့် အူယားလာတဲ့ Chan-Yeol က ပါးလေးနှစ်ဖက်ကိုဆွဲညစ်ရင်းပြောတာ့ ပေါက်စကောင်က သူ့ရဲ့ကြီးမားတဲ့ လက်တွေကြားမှာ မရုန်းနိုင်ပဲ တအင့်အင့်အော်ပါလေရော..၊ သနားလို့ လွှတ်ပေးလိုက်တော့ နီရဲသွားတဲ့ သူ့ပါးလေး နှစ်ဖက်ကို လက်ဖဝါးလေးနဲ့ပွတ်ပြီး နှုတ်ခမ်းတထော်ထော်နဲ့ ဖြေရှင်းချက်ပေးတယ်၊

" ကိုကိုက ချွဲစရာတောင်မလိုပါဘူးနော်.. ကျွန်တော် ဘာလုပ်လုပ် အားရီးဂူး ငါ့ကလေးလေး ဆိုပြီး အများကြီးချစ်ပေးတာ၊ စီနီယာ့လိုလည်း မနှိပ်စက်ဘူး "

" ဟုတ်လား၊ ငါက ဘယ်မှာနှိပ်စက်လို့တုန်း "

ပြောရင်းတန်းလန်း ပါးတစ်ဖက်ကို ထပ်ဆွဲတော့ မျက်စောင်းကြီးက ဒိုင်းခနဲရောက်လာတယ်၊ ပြီးတော့ နှုတ်ခမ်းစူသွားရော၊ လူလေးက အလုပ်သင်ကာလပြီးလို့ ခွဲစိတ်ဆရာဝန်အပြည့်အ၀တောင်ဖြစ်တော့မယ်၊ ဒင်းလေးက အကြီးတွေအပေါ်စိတ်ကောက်လို့ကောင်းတုန်း၊ သူနာပြုတွေဆိုလည်း မမ မမ နဲ့ ချွဲလိုက်ရ၊ပူဆာလိုက်ရတာလည်း နှစ်ယောက်မရှိ၊

" စီနီယာ၊ ဒီမှာကြည့်
ကိုကို ၀ယ်ပေးထားတာလေး ပေကုန်ပြီ "

သူ့ဂျုတီကုတ်အဖြူကို မျက်နှာရှေ့ထိုးပြရင်း စိတ်မကောင်းတဲ့မျက်နှာလေးနဲ့ပြောပြန်တော့ Chan-Yeol က အနားတိုးပြီး ဆရာဝန်ပေါက်စလေးရဲ့ ကျောလေးကို ဖွဖွလေး ပွတ်သပ်နှစ်သိမ့်ပေးတယ်၊

" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]Where stories live. Discover now