Before fiction ဆိုကတည်းက ဒါဟာအချစ်ဇာတ်လမ်း
တစ်ပုဒ်ဆိုတာ ခင်ဗျားတို့သိသင့်တယ်။ နောက်ပြီး ကျွန်တော့်ရဲ့ အတိတ်တွေက ယနေ့ပစ္စုပ္ပန်အထိ ပါဝင်ပတ်သတ်နေတယ်ဆိုတာကိုလည်း တွေးမိကြမယ်ထင်ပါတယ်။ ကျွန်တော့်အကြောင်းလေး နဲနဲလောက်မိတ်ဆက်ပေးချင်တယ်။ ခင်ဗျားတို့ အားရင် ခဏလောက်အာရုံစိုက်ပေးလေ။ကျွန်တော့်နာမည်က ရှေးသစ်ဒီမောင် ။ကျွန်တော့်နာမည်ကို
မွေးနေ့နံအလိုက်ပေးထားတာမဟုတ်ဘူး။
အရင်ဘဝက ကျွန်တော့်နာမည် ရှေးရယ် မား နာမည် သစ်ရယ်ဖေငယ့်နာမည် ဒီရယ် ပါးပါးနာမည် မောင်ရယ်ကို
တစ်လုံးစီယူပြီး ပေးထားတာ။ ခေါ်ရတာ ထောက်နေရင်လဲ
ကျွန်တော့်နာမည်ကို မောင်လို့ ခေါ်လေ စိတ်မဆိုးပါဘူး။ဒါနဲ့ ကျွန်တော့် အရင်ဘဝလို့ပြောလိုက်လို့ မျက်စိလည်သွားသလား။ မလည်ပါနဲ့ ကျွန်တော် အရင်ဘဝက ဖေဖေအရင်းကသတ်လို့သေခဲ့ရတာ။ ကျွန်တော့် ရင်ဘတ်မှာ သေနတ်ပစ်ရာကြီး အခုထိရှိတုန်းပဲ။ ဒါပေမယ့် ကျွန်တော် ဖေဖေ့ကိုမမုန်းပါဘူး။ဖေဖေဟာ ဘယ်တော့ဖြစ်ဖြစ် ကျွန်တော့်ရဲ့ဖေဖေပဲ။ အခုရှေးခေတ်အက္ခရာ မဟုတ်တဲ့ ရှေးသစ်ဒီမောင်
ဘဝမှာတော့ကျွန်တော့်ရဲ့ အဖိုးပေါ့ ဆိုပေတော့ကား
ကျွန်တော်လည်းအဖိုးကို တစ်ခါမှတော့မမြင်ဖူးဘူး။ကျွန်တော် စကားတွေအရမ်းများသွားတယ်ထင်တယ်။ ခဏပါ ကျွန်တော့် တစ်ခုပြောစရာ ကျန်နေသေးလို့ ကျွန်တော့် အတိတ်ဘဝအကြောင်းကောင်းကောင်း သိချင်ရင်တော့
လေးငယ်အကြောင်းရေးထားတာရှိတယ်။ ဝင်ဖတ်လိုက်နော်။
အော် မေ့တော့မလို့ ကျွန်တော့် လေးငယ်နာမည်က
အဏ္ဏဝါ(Anawar)ပါ။"ဟျောင့် ရှေး မင်းမနေ့ကပေးလိုက်တဲ့အိမ်စာပြီးပြီလား ငါ့ကို
ပေးကူး"ဒါဟာ ကျွန်တော့်ဘဝကို မွှေနောက်နေတဲ့ ဂြိုလ်ဆိုးလေး အသံပဲ။ ဟုတ်တာပေါ့ မမြင်ချင်ယောင်ဆောင်လို့လဲမရ
မကြားချင်ယောင်ဆောင်လို့လဲမရ တဲ့ သူ။ အလိုမကျမူများစွာနဲ့ မျက်မှောင်ကို ကြုတ်ထားရင်း ဘေးကကောင်ကို ကြည့်ပေးလိုက်တယ်။"ဘာကြည့်နေတာလဲ မြန်မြန်ပေး ဆရာမ စာစစ်လို့မပီးသေးရင်း မင့်ကြောင့်လို့တိုင်လိုက်မှာ"

YOU ARE READING
Before Fiction (Completed)
Romance(Zawgyi +Unicode) ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါဘူး။ ဒါပေမယ့်လို့ မင်း အတွက် စိတ်ပင်ပမ်းမူတွေကို ပြေပျောက်စေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်တော့ ဖြစ်မှာပါ။ #ရှေးသစ်ဒီမောင်#ချစ်ဦးသွင် (Zawgyi +Unicode) ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါဘူး။ ဒါပေမယ့်လို့ မင်...