အခန်း ၁၄ (ပြစ်ဒဏ်)

1.1K 113 3
                                    

အခန်း ၁၄ (ပြစ်ဒဏ်)

ရွှေနန်းတော်၏ ဘုရင့်နန်းဆောင်တွင် ဧကရာဇ်ရှန်းယွီတစ်ယောက် အစီရင်ခံစာတစ်ထပ်ကြီးနှင့် အလုပ်ရှုပ်နေသည်။ သူ၏တိုင်းပြည်တွင် တရားမဝင်လုပ်ငန်းများစွာရှိနေခြင်းကို အထောက်တော်များမှတဆင့်သိထားပြီးဖြစ်သည်။ထိုလုပ်ငန်းစုများ၏အကြီးအကဲသည် ရှန်းဝူဖြစ်သည်ဟု သံသယရှိသော်လည်း လက်ဆုပ်လက်ကိုင်သက်သေပြစရာမရှိသည့်အပြင် မှုးမတ်တစ်ချို့ကလည်း လာဘ်စားကာ ထိုလုပ်ငန်းများကို မသိချင်ယောင်​​​ဆောင်ထားသည်။

လူအများကတော့ထင်ကြပေမည်။ ရွှေနန်းတော်တွင်နေထိုင်၍ အကောင်းဆုံးအစားအသောက်များနှင့် အညိမ့်စားနေရမည်ဟု....

သို့သော် ဧကရာဇ်တာဝန်သည် လူရောစိတ်ပါ ပင်ပန်းစရာကောင်းလှသည်။ အိမ်ရှေ့စံဘဝက မိဖုရားရှောင်မေ၏အဆောင်သို့မကြာခဏသွားနိုင်ခဲ့သော်လည်း ယခုတွင် တစ်ပတ်တစ်ခေါက်တောင် ပုံမှန်မရောက်ဖြစ်ပေ။

တစ်ခါတစ်ရံတွင် သူ ရောက်တတ်ရာရာစဥ်းစားမိသည်မှာ...ဤလောကတွင်ရှိသော ဧကရာဇ်များအားလုံးထဲတွင် သူသည်အလုပ်အရှုပ်ဆုံးဧကရာဇ်ဖြစ်သည်ဟု...

ထိုအကြောင်းကို ရှောင်မေကိုပြောပြသောအခါ ရှောင်မေသည် သူမ၏မျက်ခွံများပိတ်နေအောင်ရယ်တတ်သေးသည်။ ရှောင်မေတစ်ဖက်တစ်လမ်းက ကူညီသောကြောင့် သူအနည်းငယ်သက်သာခြင်းဖြစ်သောကြောင့် ရှောင်မေကဲ့သို့မိဖုရားမျိုးရှိခြင်းက သူ၏ကံကောင်းခြင်းတစ်ပါးဟု မှတ်ယူထားသည်။ ရှောင်မေသည် အခြားမိဖုရားများနှင့်လည်း တည့်အောင်ပေါင်းတတ်သေးသည်။ အာဂ ရှောင်မေပင်။

သူနှင့်ရှောင်မေတွင် ရှန်းယ ဟူသောသမီးလေးတစ်ယောက်ရသည့်တိုင် သူမအပေါ်ထားရှိသော သူ၏ချစ်ခြင်းမေတ္တာတို့မှာ အံ့သြဖွယ်ရာပင် အနည်းငယ်မျှလျော့မသွားပါချေ။ ပို၍ပင်တိုးလာသေးသည်။အချိန်ကြာလာသည်နှင့် သူနှင့်ရှောင်မေကြား ပို၍ပွင့်လင်းမှုရှိလာသည်။ သူ ရှောင်မေအကြောင်းတွေးတိုင်းစိတ်ချမ်းသာရသည်။ သို့သော် တစ်ချိန်ကကိစ္စကို သူမသိသွားမည်ကိုသူအလွန်စိုးရိမ်မိသည်။

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Tempat cerita menjadi hidup. Temukan sekarang