(Unicode)
Jimin တစ်ယောက်ကျောင်းသွားခါနီး မနေ့ကအကြောင်းတွေကို စဥ်းစားပြီး မျက်နှာလေးမှာ ပြုံးယောင်သန်းနေသည်။
သို့သော် Yoongiက ဒီမနက်ကျောင်းသွားလျှင် တူတူသွားမည်ဟုဆိုထားသောကြောင့် ရင်ခုန်တာရော ပြီးလျှင် Soungအရှေ့ရောက်လျှင် ချစ်သူရည်းစားပုံစံ နေပြရမည်ဆိုသောကြောင့် ထိတ်လန့်နေတာတွေပါရောထွေးနေသည်။အတွေးတို့ကိုရုပ်သိမ်းလိုက်ချိန် ဘယ်အချိန်ကမှန်းမသိ အနားရောက်နေတဲ့Yoongi
"ဟိတ် ဘာတွေတွေးနေတာလည်း"
"ဘာ..ဘာမှမတွေးပါဘူး"
"ဒါဆိုသွားမယ်လေ"
Yoongi အကျီစကိုJiminက လှမ်းဆွဲထားလိုက်ပြီး
"Yoongi ခန"
Yoongiကနောက်ပြန်လှည့်ကာ "ဘာလဲ"ဟူသောသဘောဖြင့် မျက်ခုံးပင့်ပြလေသည်။
"ကျွန်တော်တို့အဆင်ပြေပါ့မလား"
"မင်းက ကြောက်နေတာလား"
"လူတွေအမြင်က ရှိသေးတယ်လေ ပြီးတော့ကျွန်တော့်တို့က ယောကျာ်းချင်း-"
Jiminစကားမဆုံးခင် Yoongiကခပ်ဟဟရယ်လိုက်ကာ Jiminမျက်နှာကို သေချာစိုက်ကြည့်ပြီး
"မင်းအခုချိန်ထိ အဲ့လိုဘဲနေခဲ့တာလား"
"ဟမ်!?"
"မင်းဘေးလူတွေကို ဂရုစိုက်ပြီး မင်းစိတ်ကို အဲ့ပုံသေကားချပ်ကြီးထဲမှာဘဲ နစ်ထားစရာမလိုဘူးJimin"
"......."
"မင်းဘဝကိုမင်းပိုင်တယ် မင်းနှလုံးသားထဲကဖြစ်တည်လာတဲ့အတိုင်း ပျော်သလိုနေ ဒါကမင်းရဲ့လွတ်လပ်ခွင့်ဘဲ အပြစ်မဟုတ်ဘူး Jimin"
"အင်း"
ခင်များပြောသလိုနေချင်ပေမယ့် ကျွန်တော်သတ္တိမရှိသေးဘူး Yoongiရယ်
"ဒါဆိုသွားမယ်"
.................
ကျောင်းထဲဝင်တော့ Yoongiကချက်ချင်း Jiminလက်ကို ဆုပ်ကိုင်လိုက်သည်
Jiminကတော့မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ကာ လက်ကိုအတင်းရုန်းသော်လည်း
Yoongiက တင်းကြပ်စွာ ဆုပ်ကိုင်ထားမှုကြောင့် သူရုန်းလို့မရ။