""""""""""""""ခေါင်မိုးထပ်ကိုလာခဲ့....''
တစ်ခွန်းလေးပဲပြောပြီး ဖုန်းချသွားသူက
ကျွန်တော့ရဲ့ အချစ်ဆုံးသူပေါ့....ကျွန်တော့ဘက်ကပဲ တစ်ဖက်သတ်
ချစ်ရတဲ့သူပါလေ...အထက်တန်းကျောင်းကနေ
ခုလက်ရှိ သူ company မှာ
သူ့ရဲ့ အတွင်းရေးမှူး ဖြစ်လာတဲ့အထိ
ကျွန်တော် သူတစ်ယောက်ထဲကိုပဲ
ချစ်ခဲ့တယ်....သူမသိဘူးလား...?
သူသိတာပေါ့....
ကျွန်တော်သူ့ကို လိုက်ခဲ့တာက
သိုသိုသိပ်သိပ်မှမဟုတ်ပဲ...တစ်တန်းလုံး တစ်ကျောင်းလုံးက
သိလောက်သည်အထိ
ကျွန်တော်သူ့ကိုရူးခဲ့တာ...သူကရော မင်းကိုဘယ်လိုသဘောထား
လဲ...?ကျွန်တော်မသိတာလည်း အဲ့ဒါပဲ...
နှစ်ရှည်လများ ကျွန်တော်သူ့ကိုလိုက်ခဲ့
ပေမယ့်...
သူကတော့ ဘာတစ်ခုမှမတုန့်ပြန်ခဲ့လေဘူး..ဒါပေမယ့်....
တခြားတစ်ယောက် လည်း သူ့မှာမရှိပါဘူးဒါကပဲ နှစ်သိမ့်စရာတစ်ခုဖြစ်နေတာပါပဲ
သူ့မှာဘယ်သူမှမရှိရင်
ကျွန်တော့အတွက် မျော်လင့်ချက်ရှိနေသေးတာပေါ့...မဟုတ်ဘူး...မဟုတ်ဘူး...
မျော်လင့်ချက်အကြီးကြီးကိုထားထားတာ
သူ ကျွန်တော့ကို သေချာပေါက်
ပြန်ချစ်လာလိမ့်မယ်..အခုတောင် ထူးဆန်းနေသလိုပဲ...
သူဆိုတာက ကျွန်တော့ကို ဒီလိုဘယ်တော့မှ မခေါ်မပြောတဲ့သူ
အလုပ်ကိစ္စကလွဲရင် တခြားဘယ်လို
အကြောင်းနဲ့မှ မခေါ်တတ်ဘူး..
အခန်းချင်းဘေးချင်းကပ်ရှိနေတာတောင်
မှလေခုက ခေါင်မိုးထပ်ဆိုတော့ ကျွန်တော်
တစ်ခုခုမျော်လင့်လို့ရတယ်မလား...သူကျွန်တော့အချစ်ကိုလက်ခံတာပဲ
ဖြစ်ဖြစ် တုံ့ပြန်တာပဲ ဖြစ်ဖြစ်
တစ်ခုခု.....ပြောရင်းဆိုရင်းနဲ့ပဲ တံခါးတစ်ချပ်ဖွင့်လိုက်ရင်
ခေါင်မိုးထပ်ရောက်ပြီ...ကျွန်တော် ရင်တွေခုန်နေတယ်
အရမ်း...အရမ်းကို ခုန်နေတာ...
KAMU SEDANG MEMBACA
Rebirth for Love
Fiksi PenggemarRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...