" အခမ်းအနားပြီးသွားတော့..
မင်းတို့လုပ်ရမဲ့ mission က "Yifan ရဲ့ အမိန့်စကားကြောင့် သူတို့သုံးယောက် မျက်ခုံးတွေ တွန့်ကုန်တယ်၊ ဒီစကားကြားရတာ သိပ်မပျော်ပါဘူးနော်၊ ပြောတော့ အားလပ်ရက်ပေးမယ်ဆို၊ အခု ထပ်ပြီး Mission တဲ့လား၊
" ဆိုင်စားပွဲထိုးလုပ်ရမယ် "
"ဆရာ Angry Bird " လို့ လက်အောက်ငယ်သားတွေ အားလုံး ခိုးပြီး နာမည်ပေးထားကြတဲ့ Yifan ကို သူတို့အားလုံး ပြူးတူးတူးလေး ကြည့်လိုက်တယ်၊ ဒါပေမဲ့ သူပြောလိုက်တဲ့စကားကို အဓိပ္ပါယ်ရှိနေသလို ယုံကြည်မှုအပြည့် မျက်နှာသေကြီးနဲ့ ထိုင်နေတာကြောင့် စပိုင်တွေ ဘာတွေလုပ်ရတဲ့ လျို့ဝှက်Mission ကြီးများလားလို့ ထင်ခဲ့ပေမဲ့..
တကယ်တမ်းမှာတော့..၊
" KAI ကြားလား၊ ကြားလား၊
D.O. သတင်းပို့နေပါတယ် "" KAI ပြောနေပါတယ် "
နားထဲကို ၀င်လာတဲ့ အသံကြောင့် Jong In ရဲ့လက်တွေက hip-pop ကကွက်တွေလိုမျိုး လျှင်မြန်စွာလှုပ်ရှားသွားတယ်၊ အခန်းထောင့်က Kyung Soo က ဗန်းငယ်လေးကိုင်ပြီး သူ့ဘက်ကို လှည့်လာတယ်၊
" အမေရိကာနိုတစ်ခွက်၊ ကောင်တာ 3
Shoot ! "" သတင်းလက်ခံရရှိ! "
note စာရွက်အသေးလေးအပေါ်မှာ ဘောပင်နဲ့ တိတိကျကျရေးလိုက်ပြီး ခန္ဓာကိုယ်ကိုနှစ်ပတ်လောက်လှည့်လိုက်တယ်၊ လက်တွေကို ဘယ်ညာရမ်း ၀ှစ်ခနဲ ၀ှစ်ခနဲ အားရပါးရ ဟန်ထုတ်ပြီးနောက် ကော်ဖီဖျော်နေတဲ့ Baekhyun ရဲ့ နဖူးကို အားရပါးရ ဘတ်ခနဲ ကပ်လိုက်တယ်၊
" သတင်းပို့ခြင်းပြီးဆုံး... Bang! "
" ဟေ့ကောင်.. နာတယ်ဟ "
လက်နှစ်မြှောက်ပြီး အော်ပွဲခံနေတဲ့ Jong In ကို Baek-Hyun က ခြေထောက်တစ်ဖက်နဲ့ လှမ်းကန်တယ်၊ နဖူးပေါ်က စာရွက်ကို ဖြုတ်ပြီး ဘေးနားမှာ ခရင်တွေညှစ်နေတဲ့ Lu-Han ကို ပေးတယ်၊ ကော်ဖီအလှဆင် ဆရာကြီး Yifan ကတော့ အမြှုပ်တွေပေါ်မှာ galaxy ပုံဆွဲလို့ကောင်းနေတုန်းပဲ..။
ကောင်းလိုက်တာ..၊
အဲ့ပုံကို ပယ်ပယ်နယ်နယ်ဆွဲနေတာ နာရီဝက်ရှိပြီ၊
ဘယ်လောက်ဆွဲဆွဲ စုတ်ပြတ်နေတုန်းပဲ.. အဲ့ဒီ့အစား လုဟန်ဆွဲလိုက်တဲ့ ချိုပါတဲ့ခွေးပုံကမှ သူ့ထက်ကြည့်ပျော်ရှုပျော်ရှိနေတယ်၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...