-5-

3.7K 354 7
                                    

Zawgyi>>>

"ရှောင်းကျန့်က သွေးနှောတဲ့လား မဖြစ်နိုင်တာ
ခင်ဗျားပြောတော့ ခင်ဗျားတို့လက်တွဲလာတာကြာပြီဆို
ဘာလို့စောစောစီးစီးမဖမ်းခဲ့လဲ"

"ကြည့်ရတာ ဒုသခင်လေးက လောကကြီးနဲ့အဆက်အသွယ်ပြတ်နေတဲ့ပုံပဲ ရှောင်းကျန့်က သွေးနှောပါလို့ ခုမနက်ပဲ ကောင်စီလူကြီးတွေ အတည်ပြုပြီးဝရမ်းထုတ်လိုက်တယ်လေ ကျွန်တော်မျိုးသာစောစောသိခဲ့ရင် ဖမ်းပြီးတာကြာပေါ့"

"ဖမ်းမယ် ငါ့ကိုလား"

ရိပေါ်_"ခင်ဗျားမသိရင် ငြိမ်ငြိမ်နေ"

ရှောင်းကျန့်_"......" ~ငါ့အိမ်ထဲလာပြီးသောင်းကျန်းနေတာ တစ်ခုခုတော့လူနားလည်အောင် ပြောကြပါဟ~

ထိုစဉ် အယ်ဒီတာတစ်ဖြစ်လဲ ဒုတိယအဆင့် hunter သည် သူ၏ရှည်လျားလှသောအကျီ င်္ထဲမှာ ခပ်ရှည်ရှည်အရာတစ်ခုကိုထုတ်လိုက်သည်၊

"ဒုသခင်လေးကတော့ ဒါဘာလဲသိမှာပါ
နှစ်ယောက်လုံး အေးအေးဆေးဆေးအဖမ်းခံလိုက်ရင် အနည်းဆုံးတော့ ဒဏ်ရာမရတော့ဘူးပေါ့"

ငွေရောင်ရှည်ရှည်ကြီး၊ ဓားနဲ့လည်းတူတယ်၊ ဘာလား၊ ငါမသိဘူးလေ ငါကမွေးတည်းကအိမ်ထဲအကျယ်ချုပ်ကျပြီးမွေးလာတာ hunter တွေလည်းကြားဖူးနားဝပဲရှိတာ ဘယ်လိုလုပ်လက်နက်အထိ သိနိုင်မှာလဲ

ရိပေါ်အတွေးထဲတွင် ယောက်ယက်ခတ်နေသော်လည်း မျက်မှောင်ပိုကျုံ့လာသည်မှာလွဲ၍ အမူအရာမပြောင်း

"ရှောင်းကျန့်"

ရိပေါ် ရှောင်းကျန့်နားကပ်၍ တိုးတိုးလေးခေါ်လိုက်သည်

"ဟင်"

"တစ်ခုခုလုပ်ဦးလေ ကျွန်တော်ကဘာမှတတ်တာမဟုတ်ဘူး ဒီတိုင်းနာမည်ပဲရှိတာ"

"...."

ငါကဘာလုပ်နိုင်မှာလဲ ဘာဖြစ်နေမှန်းလည်းမသိ ဘယ်သူတွေမှန်းလည်းမသိ ဘာတွေမှန်းလည်း....

ခွမ်း!!

ရှောင်းကျန့်အတွေးမဆုံးခင်ပင် ရိပေါ်နှင့်သူ့ကြားသို့ပြေးဝင်လာသော ထိုဓားဟုယူဆရသည်အချောင်းကြောင့် ရိပေါ်ကိုတွန်းကာ သူလည်းဘေးသို့အမြန်ကပ်လိုက်သည်
မရှောင်လိုက်နိုင်သော သူ့ရဲ့ပန်းအိုးလေးကတော့ အမျှပေါ့

~My Baby Vampire~Where stories live. Discover now