လာဘ်ပေးလာဘ်ယူ တို့ရန်သူ

16 0 0
                                    


ကမ္ဘာမှာ ဘယ်တိုင်းပြည်ကမှ လာဘ်ပေးလာဘ်ယူ ကင်းတယ်ရယ်လို့ မရှိပါဘူး။ နည်းနည်းယူတယ်၊ များများယူတယ်၊ မတန်တဆယူတယ် လို့ပဲကွဲကြပါတယ်။ ပြည်သူ့ဝန်ထမ်းတွေက ရထားတဲ့ အာဏာကို အလွဲသုံးစားပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ အတွက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ငန်းတွေကို ထိခိုက်ရတယ်။ တိုင်းသူပြည်သားတွေ သာတူညီမျှ အခွင့်အရေးတွေ မရနိုင်တော့ဘူး။ ကျောင်းတွေ၊ လမ်းတွေ ဆေးရုံတွေ ဆောက်ရမယ့် အခွန်ငွေတွေက ပြည်သူ့ဝန်ထမ်း ဆိုတဲ့ လူတွေရဲ့ မိသားစု ကြီးပွားရေးအတွက် ရောက်သွားတယ်။

ဒီလိုအခွန်ငွေတွေ အလဟဿ ဖြစ်သွားတာထက်၊ ပေးဆပ်လိုက်ရတဲ့ အကျိုးဆက်က ပိုဆိုးပါတယ်။ ဝန်ထမ်းက လာဘ်စားတော့ အစိုးရနဲ့ အစိုးရအဖွဲ့အစည်းတွေကို အယုံအကြည်မဲ့ လာတယ်။ ဒါဆို အစိုးရရဲ့ နိုင်ငံသား အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး လုပ်တဲ့ လုပ်ငန်းတွေ ပျက်စီးလာပေါ့။ ဒါပေမယ့် နိုင်ငံသားတိုင်းက လာဘ်ပေးလာဘ်ယူ ဆိုတာ မကောင်းဘူး သေချာသိလာပြီး၊ ဒီအကျင့်ကို တိုက်ဖျက်လိုစိတ် ပြင်းပြလာပြီ ဆိုရင်တော့ ပြောင်းနိုင်ပါတယ် (Political will can turn the tide against corruption) ။

ဒီလိုသိလာနိုင်ဖို့ World Economic Forum မှာပါလာတဲ့ ဆောင်းပါးထဲက အချက်အလက်တချို့ကို ရေးလိုက်ပါတယ်။ ရေးတဲ့လူတွေကတော့ နိုင်ငံတကာရန်ပုံငွေအဖွဲ့ကြီး (International Monetary Fund) ရဲ့ ဌာန အကြီးအကဲ နှစ်‌ယောက်က ဦးဆောင်ပြီး သူတို့ရဲ့ သုတေသနက ရလာတဲ့ အချက်တွေမှာ မူတည်ပြီး ရေးထားတာပါ။


လာဘ်စားရင် အခွန်ရှောင်တယ်။

သူတို့အဖွဲ့က နိုင်ငံပေါင်း ၁၈၀ကို လေ့လာလိုက်တဲ့ အခါ လာဘ်ပေး လာဘ်ယူ များတဲ့ တိုင်းပြည်က အခွန်ဘဏ္ဏာ နည်းနည်းပဲရတယ်ဆိုတာ တွေ့လာရတယ်။ အခွန်ဥပဒေရဲ့ အားနည်းချက် ဟာကွက်တွေကို အခွင့်ကောင်းယူပြီး လူတွေက ဝန်ထမ်းကို လာဘ်ထိုးပြီး အခွန်ရှောင် တယ်။ အခွန်ဆောင်ရမယ့် လူတွေက လာဘ်စားတဲ့ အစိုးရကို အယုံအကြည် မရှိတော့ ပိုပြီး အခွန် မပေးရအောင် နေတယ်။ တိုင်းပြည်တွေမှာ စီးပွား တိုးတက်တာချင်း တူတူဆို လာဘ်စား ကြမ်းတဲ့ အစိုးရဦးဆောင်ရင် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု (Gross Domestic Product) ရဲ့ ၄% လောက်လျော့ပြီး အခွန်ရတယ်ဆိုတာ တွေ့ထား ကြတယ်။

လာဘ်ပေးလာဘ်ယူ တို့ရန်သူWhere stories live. Discover now