မီးရောင်ထိန်ထိန်လင်းပါတဲ့

124 8 0
                                    

ညဉ့်တော်တော်နက်လာပြီ။ ဆိုင်ထဲမှာ အဖိုးကြီး တယောက်ပဲ ကျန်တော့တယ်။ သူက မီးထိုးထားလို့ သစ်ရွက် အရိပ်တွေ ကျနေတဲ့ စားပွဲမှာထိုင်နေတယ်။ နေ့ဘက်မှာဆို ဒီလမ်းက ဖုံထူတယ်။ ညဘက်တော့ ရေငွေ့တွေ ကျလာတော့ ဖုံသိပ်သွားတယ်။ အဖိုးကြီးက ညဉ့်နက်တဲ့ထိ ဆိုင်ထိုင်ချင်တယ်။ သူက နားမကြားပေမယ့် ညအချိန် လူခြေတိတ်နေတာကို ခံစားလို့ရတယ်။ ဆိုင်ထဲက စားပွဲထိုးနှစ်ယောက်က အဖိုးကြီး နည်းနည်း မူးနေပြီ ဆိုတာကို သိတယ်။ အဖိုးကြီးက ဖောက်သည်ကောင်း ဆိုပေမယ့် သိပ်မူးလာရင် ပိုက်ဆံမပေးပဲ ထွက်သွားတတ်လို့ သူတို့က သတိထား ကြည့်နေကြတယ်။

" ပြီးခဲ့တဲ့ အပတ်တုန်းက သူ ကိုယ့်ကို သတ်သေဖို့ လုပ်သေးတယ် " လို့ တယောက်က ပြောလိုက်တယ်။

" ဘာလို့လဲ "

" စိတ်ညစ်လို့ပေါ့ "

" ဘာအတွက်နဲ့လဲ "

" ဘာမှမဟုတ်ပါဘူး "

" ဘာမှမဟုတ်မှန်း မင်းဘယ်လို သိလဲ "

" သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိတာ "

သူတို့ တံခါးနားက နံရံနဲ့ ကပ်နေတဲ့ စားပွဲတလုံးမှာ ထိုင်ပြီး ပလက်ဖောင်းပေါ်က လူရှင်းနေတဲ့ စားပွဲတွေကို လိုက်ကြည့်မိတယ်။ လေနည်းနည်းတိုက်လာတော့ အဖိုးကြီး စားပွဲက သစ်ရွက်ရိပ်လေးတွေ လှုပ်သွားတယ်။ လမ်းပေါ်မှာ ကောင်မလေး တယောက်နဲ့ စစ်သား တယောက် ဖြတ်သွားတယ်။ သူ့ကော်လာပေါ်က ကြေးတံဆိပ်ကို လမ်းမီးရောင် ထိုးသွားတယ်။ သူ့ဘေးက ကောင်မလေးကတော့ ခေါင်းပေါ်မှာ ဘာမှခြုံမထားဘူး၊ ့ဘေးက ခပ်မြန်မြန် လိုက်လျှောက်သွားတယ်။

" အစောင့် တယောက်ယောက်က သူ့ကိုလာခေါ်မှာပါ " စားပွဲထိုးတယောက်က ပြောလိုက်တယ်။

" သူလိုချင်တာ ရနေမှတော့ ဘာအရေးလဲ "

" သူမြန်မြန် လမ်းပေါ်က ထွက်သွားတာ ကောင်းမယ်။ အစောင့်တွေ သူ့ကိုခေါ်သွားလိမ့်မယ်။ ငါးမိနစ်လောက်ကပဲ လာသွားသေးတယ်။ "

အရိပ်မှာ ထိုင်နေတဲ့ အဖိုးကြီးက ပန်းကန်လေးနဲ့ သူ့ဖန်ခွက်ကို ခေါက်လိုက်တာနဲ့ အသက်ငယ်တဲ့ စားပွဲထိုးက သူ့ဆီထွက်သွားလိုက်တယ်။

မီးရောင်ထိန်ထိန်လင်းပါတဲ့Where stories live. Discover now