ဆုံတွေ့ကြရာဝယ် (ဆုံတွေ့ကြရာဝယ်)

2.7K 257 0
                                    

""""""""""""""""

ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး ကျောင်းတက်နေ
သူ တစ်ယောက်အတွက်
ဒီအလုပ်ထက်ပိုအဆင်ပြေတဲ့အလုပ်
မရှိပါချေ

နေ့ခင်းကိုကျောင်းသွားပြီး
ညဘက်ကို ဆယ့်နှစ်နာရီထိ အလုပ်လုပ်ရ
သည်...

ဝတ်ထားသည့် ဂျပန်အထက်တန်းကျောင်းသူယူနီဖောင်း
ကိုသာ စိတ်ပျက်စွာငုံ့ကြည့်မိတော့သည်

ရှပ် အင်္ကျီ အဖြူပေါ် နက်ခ်တိုင် လျော့ရိ
လျော့ရဲစီးလျက် စကတ်ကားကားလေးက
ပေါင်လည်လောက်...

ခြေစွပ်ရှည်မစွပ်ထားတာမို့ အညိုရောင်
စကတ်အောက်က ပေါင်တံဖြူဖြူကို
စိတ်ပျက်စွာသာ ကြည့်နေနိုင်တော့သည်

"Kit ဆံပင်တုစွပ်တော့လေ....''

သူနာပြုဝတ်စုံပန်းရောင်လေးနှင့်
ဆံပင်တုပန်းရောင်က တစ်setထဲ
ဇာပွင့်တွေနဲ့ ခြေစွပ်ကိုစွပ်နေရင်းက
သူ့ကိုလောဆော်သည်

မျက်တောင်တုကော့ညွတ်ညွတ်တွေနဲ့
ခြေစွပ်ကို ဂရုတစိုက်စွပ်နေပုံကို
အပြင်က သကောင့်သားတွေသာ
မြင်ရင် ချက်ချင်းပင် ဆုတ်ဖြဲစားသောက်
ချင်စိတ်ပေါက်သွားပေလိမ့်မည်

"Ai Kit.....''

"အင်း.....''

"မင်းနေမကောင်းချင်သေးဘူးလား...
ကြည့်ရတာငူငိုင်ငိုင်နဲ့...''

လက်ဖမိုးနဲ့သူ့နဖူးကို ဖိကပ်ကာ အပူစမ်း
လာပုံက သူနာပြုဝတ်စုံနဲ့ လိုက်ဖက်နေသည်

"Ai Gun......''

"အေး......''

"မင်း တော်တော်လှတာ.....သိလား...''

"မသိပဲနေမလားဟ......မင်းသာ
ဧည့်သည်တွေကြားမှာ မျက်နှာရှစ်ခေါက်
ချိုးမလုပ်နဲ့...ဒီတလော မင်းကြည့်ရတာ
သိပ်အဆင်မပြေဘူး..ပေး...ဆံပင်တု
ငါစွပ်ပေးမယ်.....''

ဂုတ်ဝဲဖောင်းဖောင်းအိအိ ဆံပင်တုကို
သူ့ခေါင်းပေါ် နေရာတကျစွပ်သည်
မျက်နှာပေါ်ကျလာတဲ့ ဆံပင်ရှည်တွေကို
လက်ညိုးလေးနဲ့ ကုတ်ဖယ်လိုက်တော့

"ငါ့ကိုလှတယ် ပြောနေတယ် မင်းက
ပိုလှတာသိလား....ဒီလိုဝတ်လိုက်ရင်
မင်းက တကယ်မိန်းကလေးပဲ...
ခနကလို ဆံပင်လေးကို ဖယ်ပြကြည့်
လုပ်ကြည့်....''

Rebirth for LoveWhere stories live. Discover now