အပိုင်း(၂၁)သဘောတူညီချက်
ဆံပင်ဖြူအကြီးအကဲ၏ စကားများသည် ကြီးကြပ်သူယန်ကို အကြီးအကျယ် စိတ်လှုပ်ရှားသွားစေသည်။ သူသည် အလွန်စလို ထွက်မသွားသေးဘဲ ခဏမျှရပ်ကာ ဆက်မေးလာခဲ့သည်။
"အကြီးအကဲဖေး...ဒါဆို...ကျွန်တော်တို့ ဒီကောင်လေးကို သိုင်းခန်းမကို ဝင်ဖို့ ဖိတ်ခေါ်လိုက်သင့်လား"
"မလိုဘူး"
အကြီးအကဲသည် စိတ်မပါစွာဖြင့် ထရပ်ကာ အခန်းအပြင်ဘက်ကို လျှောက်သွားခဲ့လိုက်သည်။ တံခါးဝသို့ ရောက်သည်နှင့် သူသည် ပြန်လှည့်လာကာ ပြောလာခဲ့သည်။
"ဒီကောင်လေးက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လောက် ရောက်နေပြီ။ သူ့ကျင့်ကြံဆင့်က သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်မှာဘဲ ရှိသေးတာ၊ ဒီကောင်လေးက ကျင့်ကြံရမယ့် အခွင့်အရေးတွေကို လွဲချော်သွားပြီ...ဒီလိုဆို သူ့ကျန်တဲ့ဘဝမှာလည်း ဘယ်လောက်မှ အောင်မြင်မှာ မဟုတ်တော့ဘူး။ သူ့မှာ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို တုံ့ပြန်နိုင်စွမ်းရှိနေရင်တောင် သူ့ကျင့်ကြံဆင့်က တိုးမလာသရွေ့ သူက အသုံးမကျတဲ့သူ ဖြစ်နေဦးမှာပဲ...သိုင်းခန်းမက အသုံးမကျတဲ့သူတွေ အတွက် အထောက်အပံ့တွေကို မဖြုန်းတီးနိုင်ဘူး"
ကြီးကြပ်သူယန်သည် အကြီးအကဲကို အရိုအသေပေး နှုတ်ဆက်လိုက်သည်။ အကြီးအကဲဖေး ထွက်သွားသည်နှင့် သူသည်လည်း အမြန်ထရပ်ကာ နံရံတစ်ခုဆီ လျှောက်သွားလိုက်သည်။ သူသည် အတွင်းအားထည့်သွင်းထားသော လက်တစ်ဖက်ကို သုံးလိုက်ကာ နံရံရှိ ကျောက်တုံးအစွန်းလေးကို နှိပ်ချလိုက်သည်။ နံရံရှိ ပုံရိပ်များလည်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီး ကျောက်နံရံဖြူ အဖြစ် ပြောင်းလဲသွားခဲ့သည်။
"အထီးကျန်ဝံပုလွေကို သွားရှာပြီး ငါ့ဆီ ခေါ်လာခဲ့ပေး..."
ကြီးကြပ်သူယန်သည် ထိုင်လိုက်ပြီး ခဏအကြာတွင် တံခါးတွင် ရပ်နေသော အစောင့်ကို ညွှန်းကြားလိုက်သည်။ အစောင့် အလျင်အမြန်ပင် သိုင်းလေ့ကျင့်ခန်းဆီသို့ သွားကာ ကျန်းရီကို အခန်းတွင်းသို့ ခေါ်ဆာင်လာခဲ့သည်။ လူငယ်၏ မျက်လုံးများသည် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နေခဲ့သည်။
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Açãoကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...