အပိုင်း(၂၂)ရှင်က အဂ္ဂိရတ်ပညာရှင် ဖြစ်ဖို့ သင့်တော်တယ်
"ကျွန်တော်လား"
ကျန်းရီသည် သူမကို ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေလိုက်သည်။ ပုလဲမှုန်အစည်းအရုံးဗိမ္မာန်ကို သူရောက်ခဲ့သောနေ့က သခင်မလေးကျီသည် သူ့မျက်နှာကို မမြင်လိုက်သည်မှာ သေချာသည်။ သူမသည် သူ့ကို အကြည့်တစ်ချက်မျှနှင့် မည်သို့ မှတ်မိသွားရပါသနည်း။
အမျိုးသားသုံးယောက်သည် ကြေးရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော ကျန်းရီကို ကြောင်အစွာ စိုက်ကြည့်နေစဉ်တွင် ကြီးကြပ်သူယန်သည်လည်း ကျီထင်ယွီကို ကြောင်တောင်တောင်နှင့် ကြည့်နေခဲ့သည်။ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်ကို ရောက်နေပြီဖြစ်သော သခင်မလေးကျီသည် ကြေးအဆင့် သိုင်းလေ့ကျင့်ဖက်လေးကို တိုက်ခိုက်ရန် ဘယ်လိုများ ရွေးချယ်လိုက်ပါသနည်း။ သူမ၏ လက်ချောင်း တစ်ခုဖြင့်ပင် သူသေသွားရန် လုံလောက်နေပြီ မဟုတ်ပါလား။
အမျိုးသားလေး သုံးယောက်သည် အလျင်အမြန် အသိဝင်လာကြသည်။ သူတို့အားလုံးထင်လိုက်သည်မှာကား ကျီထင်ယွီသည် သူတို့ကို ရှောင်ရန်နှင့် မည်သည့် စကားမှ ထပ်မဆိုလာစေရန် ဖြစ်သည်ဟု။ သို့သော်လည်း သူတို့သည် မူလအနေအထားဖြင့်သာ ရှက်ရွံ့စွာ ရပ်နေကြသည်။
သိုင်းခန်းမသည် အုပ်ချုပ်ရေးနှင့် သက်ဆိုင်ခြင်း မရှိသော်ငြား ကျီမိသားစုသည် မြို့အရှင်များ ဖြစ်ကြရာ ကြီးကြပ်သူယန်သည် ကျီထင်ယွီနှင့် အတိုက်အခံမပြုရဲပေ။ ကျန်းရီသည် မချိပြုံးပြုံးလိုက်ပြီး ကျီထင်ယွီ၏ အနောက်သို့ လိုက်လာခဲ့လိုက်သည်။
"ဘန်း"
တံခါးသည် ပိတ်သွားခဲ့သည်။ အမျိုးသား သုံးယောက်သည်ကား လှည့်ကြည့်လှည့်ကြည့်လုပ်ကာ ထွက်ခွာ သွားကြသည်။ သခင်မလေးကျီသည် လွန်ခဲ့သည့် နှစ်အနည်းကြာတည်းက ထိုသုံးယောက်၏ ချဉ်းကပ် ပိုးပန်းမှုကို ဘယ်တော့မှ လက်မခံခဲ့ချေ။ ဤအခြေအနေသည် သူတို့အတွက် ရင်းနှီးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူမ၏ အရေးကိစ္စများတွင် ဝင်မစွက်ဖက်ရဲကြပေ။
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Actionကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...