💚လုပ်ပါ..Perthရယ် နော်..လိုက်ဝင်ခဲ့ပါ..(Aeပါ အဆိုတော်နမယ်ကိုခေါ်ခြင်း)လိုက်ပို့မယ်ပြောပြီးမှ အထဲမဝင်ဘူးဆိုတော့ canက အရူးလား?💚
Canနုတ်ခမ်းဆူကာ Aeကို ချွဲလိုက်တယ်..
Peteကို တွေ့ချင်ဇောနဲ့ သူ့နားကပ်နေတဲ့ Aeကို ရုပ်ရှင်ပြခိုင်းတာပါ..
Celeတယောက်အနေနဲ့ လူကြားသွားဖို့ သူစိုးရွံ့နေပုံပဲ
Canဆိုတာကလဲ လိုချက်တာကို ရအောင်ယူအူးမှာ...
Peteနဲ့မခေါ်တော့တာမပြောသေးဘဲ Aeကို မျှင်းထားရမယ်..Peteနင်နဲ့ထိုက်တန်တဲ့ အပစ်အတွက်နင်ခံယူပေအူးပေါ့...
🖤ကျနော်က အကုန်လိုက်လျောပြီးသားပါ canကို ကျနော်အားနာလို့ ဒီတခါတော့ လိုက်ခဲ့မယ်..ဒါပေမဲ့ ကျနော် မီးတေပိတ်မှ ဝင်ခဲ့မယ်..🖤
💚အင်းလေ ပြီးရော...လိုက်မဝင်လာလို့ကတော့ စိတ်ဆိုးမှာနော်.. 💚
🖤အင်းပါ..လိုက်ခဲ့မှာပါ...သွား သွားနှင့်🖤
Aeက စကားအဆုံး သူလဲ ကားပေါ်က ဆင်းလိုက်တယ်..
သြော်...
💚ဒါနဲ့ ပေါက်ပေါက်ဆုပ်ရယ် အာလူးချောင်းကြော်ရယ် ကိုလာရယ် ဝယ်ခဲ့အူးနော်💚လို့ လှဲ့မှာရသေးတယ်...
Aeတယောက် ဆူပုပ်ပုပ်ဖြင့် ကျန်ခဲ့တယ်..
Canလဲ မလုပ်သင့်တဲ့ လုပ်ရပ်မှန်းသိပေမဲ့ အသိစိတ်မှာ မုန်းတီးနာကျည်းမှုတေက ပြည့်ဖုံးနေတယ်...
ရုပ်ရှင်ရုံထဲဝင်ပြီး ဆယ့်ငါးမိနစ်မှာ Aeဝင်လာတယ်...
မျက်မှန်နက်ကြီးတပ်ကာ သူ့ဘေးမှာ ဝင်ထိုင်ရင်း မုန့်ထုပ်တေ canပေါ် သွန်ချပေးတယ်....💚Ae...အာမှားလို့...Perth စိတ်မရှည်တဲ့ပုံနဲ့ လူကို 💚
Can ဆူအောင့်အောင့်လေးပြောမှ Aeက မျက်မှန်ချွတ်ကာ ပြုံးပြတယ်
🖤ကျနော့်ကို Aeလို့ပဲခေါ်ပါ can...ကျနော်က လူအများနဲ့ အလုပ်လုပ်ပေမဲ့ လူများတဲ့နေရာတေဆို ကျနော်မကြိုက်ဘူး ဒါကြောင့်မို့ပါ🖤တဲ့လေ...
Ae အရင်က လူရှုပ်လူပွေမှန်း canသိပါတယ်...သိလို့လဲ peteကို canနဲ့ အဆက်အသွယ်ဖြတ်ခိုင်းခဲ့တာ..
အခုတော့ Aeအများကြီးပြောင်းလဲသွားတယ်..
အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်သွားတယ်...
Pete...နင်များ Aeနဲ့ပြန်ဆုံဖြစ်ရင် အခုလိုပုံစံမျိုးတွေ့ရင် နင် ဘလိုဆုံးဖြတ်မလဲ...
နင်နဲ့သူ ပြန်ဆုံချိန်ဟာလဲ ငါသူ့ကိုလက်ချိတ်ပြီး နင်နဲ့မိတ်ဆက်ပေးမဲ့အချိန်ဖြစ်စေရမယ်...
YOU ARE READING
ဂစ်တာမှာလာနားတဲ့ လိပ်ပြာလေး
Lãng mạnကျနော်ဟာ သီချင်းတေကို သီဆိုနေရရင်ပျော်ရွှင်နေတဲ့ ကောင်လေးပါ ကျနော့်ရဲ့ သီချင်းတေကို ခံစာျးပးနိုင်တဲ့ ကောင်လေး သူဟာ ကျနော်သိပ်ချစ်ဂတဲ့သူ...... (Ae.....🖤🖤) ကျနော်ဟာ မေမေ့ရဲ့ အချစ်အတွက် ဂုဏ်ပြုမပေးနိုင်တဲ့ သားတဦးပါ ကျနော် မေမေနဲ့ ဝေးရာကို သွားပါရစေ...