"ကျွန်တော် ကောကိုချစ်တယ်...!"
ယုံကြည်ချက်နဲ့ပြောတဲ့ စကားမဟုတ်တော့။
တစ်ဖြည်းဖြည်း သိမ်ဝင်သွားပြီး
မ၀ံ့မရဲအသံလေးဖြစ်လာသည်။သူဘာကိုကြောက်နေလဲဆို.....'အငြင်းခံရမှာ'။
သူ့ရှေ့က လူလေးက
မတန်မရာပြောပြီးနှင်လွှတ်မဲ့ လူမျိုးလည်းမဟုတ်။ပြုံးပြုံးလေးနဲ့ သူ့အတွက်ကြောက်စရာကောင်းသည်။
"ရိပေါ်...!"
တစ်လုံးချင်းလေးနက်စွာခေါ်လာသည့်
သူ့စကားတွေက ရိပေါ် နှလုံးသားကို
တည်ငြိမ်နိုင်စွမ်းမရှိ။သူ့အတွက်နဲ့ပဲ ငိုသည်...
သူ့အတွက်နဲ့ပဲ ပြုံးသည်...
သူ့အတွက်နဲ့ပဲ ကျွန်တော်ရင်ခုန်သည်။
သူကပဲ ကျွန်တော့်ကို နာကျင်စေသည်။"မဖြစ်နိုင်ပါဘူးတဲ့......!"
ဒီစကားလေးပဲပြောပြီး ထွက်သွားတဲ့ကောက
ကျွန်တော့်ကို ဘယ်လိုရင်ဆိုင်မလဲလို့
မမေးခဲ့ဘူးလေ။💓💓💓💓💓💓💓💓💓💓
အဲ့ဒီ့နေက .........
ကျွန်တော့်ရဲ ကျရူံးခန်း။
ငိုကျွေးမှုတွေ.....
နာကျင်မှုတွေ........
သိမ်ငယ်မှုတွေနဲ့......
သောက်သောက်လဲ သေခဲ့ပြီး
ဘ၀သစ်မှာ အပြုံးအရယ်မေ့နေခဲ့မှ
ကောပြန်ဝင်လာပြီး
ဒဏ်ရာထပ်ပေးတယ်။
'မချစ်ချင်ဘူး'ဆိုတဲ့
အကြောင်းပြချက်အသစ်လေးနဲ့။💓💓💓💓💓💓💓💓💓💓💓💓💓💓
"၀င်သွားလိုက်...!အထဲမှာCEOရှိတယ်"
ထိုသူက ထွက်သွားပြီးမှ
တစ်ခုခုကိုသတိရဟန်ဖြင့် ပြန်လှည့်လာကာ"စကားတွေ အများကြီး မပြောမိစေနဲ့။
သူက စကားများတာမကြိုက်ဘူး။""ဟုတ်..!"
အလုပ်လေးရလို့ပျော်မယ်ကြံခါလေးမှာ
ဒီစကားကြားလိုက်ရတော့ရှောင်ကျန့်ငိုချင်သွားသည်။"ဒေါက်!"
တံခါးခေါက်ပြီးတော့ အထဲမှ တုန့်ပြန်သံကို
ရှောင်ကျန့်စောင့်နေမိသည်။
YOU ARE READING
8 Letters(One Shot)
Short Story"ခဈြတယျ"ဆိုတဲ့စကားလေးပဲပွောပေးဖို့ကို ကောဘာတှနေောကျတှနျ့နတောလဲဗြာ Wang Yibo အဲ့စကားလေးတဈခှနျးနဲ့ ကလေးကို ကော မခြုပျနိုငျထားနိုငျဘူး Xiao Zhan 'ချစ်တယ်'ဆိုတဲ့ စကားလေးပဲ ပြောပေးဖို့ကို ကော ဘာတွေ နောက်တွန့်နေတာလဲဗျာ wang yibo အဲ့စကားလေး တစ်ခွန်းနဲ့ ကလေ...