အပိုင်း(၂၄) အရိုးများကို ချိုးကာ အမှုန့်များ ဖြစ်သွားစေမည်
"မင်းက ငါ့အသက်ကို လိုချင်တာလား''
ဤကဲ့သို့ သေရေးရှင်ရေး ဖြစ်နေသော အခြေအနေတွင် မာဖေးသည် အသိဝင်လာခဲ့သည်။ ငွေရောင်ဓားမြှောင်လေးတစ်ချောင်းသည် သူ့လက်တွင်းမှ ထွက်ပေါ်လာခဲ့သည်။ ဓားကို ပြုလုပ်ထားသော အသားကို ကြည့်လျှင် အဆင့်မြင့် လက်နက်တစ်ခု ဖြစ်မည်မှာ သေချာသည်။
"နဂါးအဆိပ်သိုင်းကွက်"
မာဖေးသည်အော်ဟစ်လိုက်သည်။ အတွင်းအားများသည် သူ၏လက်ဝါးမှဖြာထွက်လာခဲ့သည်။ အစိမ်းရောင် ငွေဓားမြှောင်လေးသည် ကျောချမ်းစရာအငွေ့အသက်တို့နှင့် ပိုမိုတောက်ပလာခဲ့သည်။ ဓားမြှောင်လေးသည် သူ၏လက်ထဲတွင် လည်ပတ်သွားပြီးနောက် ကျန်းရီ၏လက်သီးရှိရာသို့လေထုကိုပစ်ခွင်း၍တိုးဝင်လာခဲ့သည်။
တကယ့် ဝိဥာဉ်အဆင့်လက်နက် တစ်ခုပဲ၊ ဒီလူငယ်သည် မာမိသားစုတွင် မြင့်မားသော အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားသည် ထင်သည်။
လက်နက်များကို အဆင့်နိမ့်သည်မှ မြင့်ရာသို့ အမျိုးအစား လေးခု ခွဲခြားထားသည်။ ဝိဥာဉ်အဆင့်လက်နက်၊ ကောင်းကင်အဆင့်လက်နက်၊ သူတော်စင်အဆင့် လက်နက်နှင့် အနှိုင်းမဲ့ လက်နက်တို့ ဖြစ်ကြသည်။ အဆင့်မဝင်သည့် သာမန်လက်နက်များလည်း ရှိသည်။
ကျန်းရီသည် ဆွံ့အနေခဲ့သည်။ သူသည် ဤကဲ့သို့အဖိုးတန်ရတနာမျိုးကိုတစ်ကြိမ်သာမြင်ဖူးခဲ့သည်။ ထိုတစ်ကြိမ်သည် လွန်ခဲ့သောနှစ်နှစ်က ဂိုဏ်း၏ဆုချီးမြှင့်ပွဲတွင် ကျန်းဟန်ရွှေ၏လက်ထဲတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။
"ပုံရိပ်ယောင်လက်သီး"
ကျန်းရီသည် သူ၏သိုင်းကွက်ကိုချက်ချင်းပြောင်းလဲလိုက်သည်။ သူ၏လက်သီးသည် ပုံရိပ်ယောင်သုံးခုအဖြစ် ခွဲထွက်သွားကာမာဖေးဆီပျံသန်းသွားခဲ့သည်။
ဟမ့်...သည်ကောင်စုတ်လေးက ဒီလိုမျိုးတိုက်ခိုက်နိုင်တယ်။ သူက သဏ္ဌာန်သုံးဆင့်အသွင်ပြောင်းခြင်း ဒုတိယအဆင့်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား။ လက်သီးတစ်ခုမှသည် သုံးခုအဖြစ်ပြောင်းလဲသွားသည်ကို ရုတ်တရက်မြင်လိုက်သောအခါ မာဖေးသည် အံ့အားသင့်မှုကို ခံစားလိုက်ရသည်။ သူသည်အံကိုတင်းတင်းကြိတ်ကာ ငွေဓားမြှောင်လေးကို ကျန်းရီ၏ရင်ဘတ်ထံ ဦးတည်ရာ ပြောင်းလဲစေလိုက်သည်။ ကျန်းရီသာ သူ့ကိုပုံရိပ်ယောင်လက်သီးနှင့် ထိုးဝံ့လျှင် ကျန်းရီ၏ရင်ဘတ်သည် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်မှာသေချာနေခဲ့သည်။
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Acciónကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...