အပိုင်း(၂၅)ရီမိသားစု၏ အဖွဲ့ဝင်သစ်စုဆောင်းခြင်း

551 87 0
                                    


အပိုင်း(၂၅)ရီမိသားစု၏ အဖွဲ့ဝင်သစ်စုဆောင်းခြင်း

"ဟမ်...သခင်လေး ဘာလို့ ဒီနေ့ အစောကြီး ပြန်လာတာလဲ၊ သိုင်းခန်းမကို မသွားခဲ့ဘူးလား"

ရှောင်နူသည် ခြံဝန်းထဲတွင် အဝတ်အစားများလျှော်နေရာမှ ခြေသံများကြားသောအခါ နောက်သို့လှည့်လာခဲ့သည်။

သူ့ကိုရုတ်တရက်မြင်လိုက်ရသောအခါ သူမ၏ကြီးမားဝိုင်းစက်သောမျက်လုံးများသည် လခြမ်းပုံကွေးသွားသည်အထိ ပြုံးပြလာပြီး ကျန်းရီကို နှုတ်ဆက်လိုက်သည်။

ကျန်းရီသည် ရှောင်နူ၏ခေါင်းလေးကိုပုတ်လိုက်ပြီး ခေါင်းငြိမ့်ပြလာလဲ့သည်။

"ရှောင်နူ... ခဏလောက်လာခဲ့ဦး...ငါမင်းကို အရေးတကြီးပြောစရာရှိတယ်"

ကျန်းရီ၏ရင်ထဲမှ လေးလံမှုများကို ခံစားမိသောအခါ ရှောင်နူ၏မျက်နှာပေါ်မှ အပြုံးသည် အေးခဲသွားခဲ့သည်။ သူမသည် သူ့အတွက် ရေတစ်ခွက်ငှဲ့ပေးခြင်းကိုပင် ရပ်တန့်လိုက်ကာကျန်းရီ၏နောက် အလျင်စလိုလိုက်လာကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။  သူမသည် အလန့်တကြားမေးလာခဲ့သည်။

"သခင်လေး...ဘာဖြစ်လာတာလဲ"

ကျန်းရီသည် အပြုံးတစ်ခုကို ခက်ခက်ခဲခဲ ထုတ်ဖော်လိုက်ရသည်။

"အရမ်းအရေးမကြီးပါဘူး...ငါသိုင်းခန်းမမှာ လျှို့ဝှက်တာဝန်တစ်ခု ထမ်းဆောင်စရာရှိလို့... သုံးလလောက်ထွက်သွားရမယ်... မင်းကိုတစ်ယောက်တည်းထားခဲ့ရမှာနည်းနည်းစိုးရိမ်နေလို့"

ကျန်းရှောင်နူသည် သူမ၏ရင်ဘတ်ကို ပုတ်ပြကာ အပြစ်ကင်းစင်သည့် အပြုံးလေးနှင့် ပြုံးပြလိုက်သည်။

"ကျွန်မထင်တာ ဒါအရေးကြီးတဲ့ကိစ္စဖြစ်မယ်ထင်တယ်... သခင်လေး သွားပါ၊ ရှောင်နူအဆင်ပြေပါတယ်... ရှောင်နူကိုယ့်ကိုယ်ကိုဂရုစိုက်မှာပါ...သခင်လေးက အနာဂတ်မှာ ကြီးမားတဲ့အရာတွေလုပ်ရမှာဆိုတော့ စွန့်စားခန်းတွေထွက်သင့်တယ်လေ"

"ကြီးမားတဲ့အရာတွေ..."

ကျန်းရီသည် ခေါင်းရမ်းလိုက်ရင်း နာကြည်းစွာပြုံးလိုက်သည်။ သူသည် ခမ်းနားသော အောင်မြင်မှုများကို မလိုချင်သလို ကြီးမားသောအရာများကို လုပ်ဆောင်ရန်လည်း ဆန္ဒမရှိချေ။ သူလိုချင်သည်ကား ရှောင်နူနှင့် အေးအေးချမ်းချမ်းနေထိုင်သွားရန်ဖြစ်သည်။ အဘယ့်ကြောင့်များ ကံတရားသည် သူ့ကိုကျီစားရပါသနည်း။ ဂိုဏ်းတွင်းဂိုဏ်းပြင်တွင် သူ့ကိုသတ်ချင်နေသည့် ရန်သူများစွာ ရှိလေသည်။ သူသည် လုံခြုံအေးချမ်းစွာ နေနိုင်ရန်မှာ အောင်မြင်သည် အထိ ကျင့်ကြံရန်သာ ဖြစ်သည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now