For Zawgyi
Protector Angel ' က သူ့ကိုဘာလို့ကာကွယ်ပေးနေရတာလဲ ....
မီးသဂြိုဟ္စက်ထဲထည့်လိုက်ပြီဖြစ်တဲ့ သူ့ကိုယ်လုံးကို သူပြန်မြင်နေရသည်... အရှေ့ကနေ အမေနဲ့အတူတူ မေနှင်းနဲ့ဝေဇင်က ရပ်နေသည် ... အမေ့နောက်ဘက်နားမှာ ထွန်းထွန်း ...
နည်းနည်းခပ်လှမ်းလှမ်းမှာတော့ မောင်တို့ညီအစ်ကိုနှစ်ယောက် ... သူ့နားမှာတော့ Angel လို့ သူ့ကိုယ်သူပြောတဲ့ Medium ....
သူ့အနေနဲ့ Medium တွေ Spirit Mentor တွေဆိုတာ ကြားတောင်မကြားဖူးခဲ့ဘူး ... Angel တွေ ဘာတွေလည်း အယုံအကြည်ရှိဖူးခဲ့တာမဟုတ် ...
သူက ကံကံ၏အကျိုးကိုသာ လက်ကိုင်ထားခဲ့တဲ့သူ...
သို့ပေသိ ဒီလို လူတစ်ယောက်ကို ချစ်မိလို့ ဒီလူကို ပိုင်ဆိုင်ချင်မှုကြောင့် သူဟာ ဒီလို Spirit ဘဝရောက်ရတာတော့ သူသိနေပါပြီလေ ..." တွေ့လား ခင်ဗျားရဲ့အမေကို "
အမေ့ကိုတွေ့ပါသည် .. အမေ ငိုနေတယ် ... ပုခုံးတွေ လှုပ်ခါကာ ရှိုက်ကြီးတငင် အော်ကြီးဟစ်ကျယ် ငိုနေတာမျိုးမဟုတ် ...
မီးလောင်နေတဲ့နေရာကို တွေတွေကြီးကြည့်ပြီး မျက်ရည်တို့က လိမ့်ဆင်းနေတာ.... စကားတို့ဘာတို့ ပြောချင်စိတ်လည်းရှိပုံမရ ... အမေ့ကြည့်ရတာ စိတ်နဲ့လူနဲ့ ကပ်ပုံမပေါ် ...
" ခင်ဗျားအမေကို မသနားဘူးလား "
' ငါဘာမှမတတ်နိုင်ဘူးလေ '
" ခင်ဗျားသာ ဒီလိုဖြစ်နေမှန်းသိရင် ကောင်းကောင်းမွန်မွန်ဆက်ပြီး ရှင်သန်သွားနိုင်မယ် ထင်လား "
ဒီလိုဖြစ်နေမှန်းသိရင်ဆိုတာက သူမကျွတ်မလွတ်ဖြစ်နေတာကို ရည်ညွှန်းမှန်း သူသိပါသည် ...
' ဒါကြောင့် ဒီလိုရှိနေသေးမှန်း အမေသိအောင်မပြတာပေါ့ ... စိတ်မပူပါဘူး အမေက ငါ့ကို သတိရနေရင်တောင် ကျန်းကျန်းမာမာနဲ့ ဆက်နေနိုင်သွားမှာပါ ... အမေက ကြံ့ခိုင်တဲ့ အမေတစ်ဉီးဖြစ်တဲ့အပြင် အဲ့လိုနာမကျန်းဖြစ်ရင် ငါစိတ်မကောင်းမှာကိုသိလို့ အမေက ကျန်းမာရေးဆိုးရွားတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူး ... အမေ့ကိုယုံတယ် '
BẠN ĐANG ĐỌC
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Bí ẩn / Giật gânအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...