အခင်းမဖြစ်ပွားမှီ နာရီဝက်အလို..။
" ပြော.. ကိုကို့ကလေးလေး.. "
အိမ်တွင်းပစ္စည်းလေးတစ်ချို့ ၀ယ်ယူဖို့အတွက် ကားပေါ်တတ်လိုက်တဲ့ ဒေါက်တာဂင်မင်ဆော့က တဒီးဒီးဝင်လာတဲ့ ဖုန်းလေးကြောင့် ပြုံးပြီး ဖုန်းစပီကာကို ဖွင့်ဖြေလိုက်တယ်၊တဖက်ကနေ မနာလိုဝန်တိုနေတဲ့ ပေါက်စလေးက စကားနာတန်းထိုးတော့တာပဲ...
"အိမ်မှာတစ်ယောက်တည်း ပျော်နေတယ်ပေါ့.. ဟွန့်
သူများတွေများ တာဝန်ချိန်နားတော့ကောင်းလိုက်တာနော် "" အဟား .. မပျော်ရပါဘူးဗျာ "
ဆရာဝန်ပေါက်စလေး စိတ်ကြိုက်ရွေးပြီး ၀ယ်ခဲ့တဲ့ ကားအနီလေးက ဆိပ်ငြိမ်တဲ့ရက်ကွက်ထဲကနေ ဖြည်းဖြည်းချင်း ထွက်လာတယ်၊ လူအသွားအလာရှင်းမရှင်း ကြည့်ပြီး ဂရုတစိုက်မောင်းတဲ့ မင်ဆော့က တစ်ဖက်က အသံသေးသေးလေးကို စောင့်လို့နေတယ်၊
" ဒီနေ့ ညဆိုင်းမရှိဘူး .. "
" ဟုတ်လား.. အဲ့တာဆိုလိမ်လိမ်မာမာနေပြီး တာဝန်ချိန်ပြီးရင် ဖုန်းဆက်နော်.. လာကြိုမယ်၊ "
မီးနီနေတာကြောင့် ကားကို ဘရိတ်ထိန်းလိုက်တယ်၊ ပလက်ဖောင်းပေါ်က လူသွားလူလာကို လှမ်းကြည့်မိတုန်းမှာ.. သူ့လိုပဲ ချစ်သူနဲ့ ဖုန်းပြောနေပုံရတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်၊ တစ်ဖက်က ချစ်သူက အသည်းယားဖွယ် စနောက်တယ်ထင်ပါတယ်၊ ခြေထောက်ကို မသိမသာလေးဆောင့်လိုက်ရင်း မကျေမနပ်ပုံစံဖြစ်သွားမှ နှုတ်ခမ်းလေးက လည်ပြန်ပြုံးလာတယ်၊
လူတွေက အချစ်နဲ့တွေ့တဲ့အခါ အလှပဆုံး၊အပျော်ရွှင်ဆုံးတွေ ဖြစ်လာကြတယ်ထင်တယ်၊ ချစ်ရသူနဲ့ အတူတကွမျှဝေခွင့်ရတဲ့ သေးငယ်တဲ့အခိုက်အတန့်လေးတွေကအစ တန်ဖိုးရှိတယ်၊ ချိုမြိန်တယ်၊ တောက်ပတယ်၊
" ကိုကိုးး .. ညစာချက်ကျွေးမှာလား "
ဂျုံဒေးလေးရဲ့ အသံထွက်လာတဲ့အချိန်နဲ့ မီးစိမ်းသွားတဲ့အချိန်က ကွက်တိပါပဲ၊ ဘေးဘီဝဲယာကို သေချာပြန်စစ် ဘရိတ်ကိုလွှတ်ပြီး ကားကိုအရှိန်တင်လိုက်တဲ့ မင်ဆော့က သူ့ရဲ့အသည်းအသက်ရဲ့ ပူဆာမှုကို ရယ်သံလေးနှောလို့ တုံ့ပြန်တယ်၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...