For Zawgyi
'' အား '
ထိန်းထားတဲ့ကြားက အသံတစ်စက ထွက်ကျလာသည် .... ပုခုံးကနေဆင်းလာတဲ့ အပူလှိုင်းက သူ့ရင်ဘတ်ဆီကို ...
သူ့နှလုံးသည်းပွက်ကို မီးလောင်တိုက်သွင်းနေသလားပဲ ... တဖျစ်ဖျစ်လောင်ကျွမ်းနေသလိုပဲ ...
နာလွန်းလို့ သူ့မှာအသံမထွက်ရအောင် နှုတ်ခမ်းတို့ကိုကိုက်ပါသော်လည်းမရ ...
အစောင့်မှလွဲ၍ လူတစ်ဉီးမှမကျန်တော့သော အဆောက်အဉီးထဲမှာ တစတစ ပူအိုက်လာသလို ... အစောင့်ဉီးလေးကြီးကိုယ်မှာ ချွေးတွေ ရွှဲလို့...
နာရီဝက်လောက်ကြာမည်ထင်သည် ...
ရုတ်တရက် သူ့ကိုယ်လုံးက အဆောက်အဉီး၏ နံရံဆီ ဆွဲခေါ်ခံရသလို ရိုက်ခတ်မိသွားသည် .... အဆောက်အဉီးရဲ့ နံရံကနေ သူဖောက်ထွက်သွားတော့မလို ခံစားရပေမဲ့ အမှန်တော့မဟုတ် ..
သူ့ရဲ့လေလို ထွင်းဖောက်ကာမြင်ရတဲ့ ခန္ဓာကိုယ်ဟာ အစိုင်အခဲဒြပ်ထု ရှိနေသလိုပဲ ... နံရံနဲ့ ရိုက်ချခံလိုက်ရတယ် ... နံရံနဲ့ တစ်ခါလောက် ရိုက်ခတ်မိရုံနဲ့မပြီးသေးဘူး ... သူ့ကိုယ်လုံးလေးဟာ နံရံမှာ တိတ်နဲ့ ကပ်ခံထားရသလိုပဲ ... တကယ်လို့ နံရံဟာ သံနဲ့လုပ်ထားမယ်ဆိုရင် သူ့ကြောင့် ချိုင့်ဝင်နေလောက် မဲ့ အနေအထားမျိုးမှာ ရှိနေလေတယ် ...
' နာတယ် ... အား... နာတယ် '
' မြန်မြန်လုပ် ဟိုဘက်က သွားတော့မှာမို့ သူ့connection အလိုက် ဆွဲငင်နေတာ '
' အချိန်မမှီဘူး မင်းသွားတားလိုက် Hei '
' ဘာလို့ငါလဲ '
' ဒါဆို မင်း cutting လာလုပ်မလား '
စကားများနေကြသော ထိုနှစ်ယောက်ကြောင့် ဉီးဝေရဲ့ ကိုယ်ဟာ တစ်စစီ ဆွဲဖြဲခံနေရသလို နာကျင်မှုက ပိုတိုးလာနေပြီ ..
' မြန်မြန်လုပ်ကြပါ ကျနော် သည်းမခံနိုင်တော့ဘူး '
မအော်မိအောင် ထိန်းချုပ် ရတာ ဘယ်လောက်ခက်လဲသိရဲ့သားနဲ့ ... ဒီနံရံတွေကလည်း ဘာလို့ သူထွင်းဖောက်သွားလို့မရရတာလဲ ...
တစ်ခုတော့ရှိတယ်... သူ သတိထားမိတာလေးတစ်ခုပေါ့ ...
သူအရင်က စိတ်ကူးယဉ်ဖူးတာက Spirit တွေဟာ နံရံတွေကို ဖောက်ပြီး သွားလာနိုင်တယ်လို့ပေါ့ ...
YOU ARE READING
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...