Chapter - 335 ( ထျန်ရှင်းဂိုဏ်း ၊ ထျန်ရှင်းဂိုဏ်း )

10.9K 1.6K 14
                                    

[Zawgyi]🐕

ယန်မြို့မှ ထျန်ရှင်းဂိုဏ်းသို့ အမြန်ဆုံးသွားနိုင်မည့်နည်းမှာကား ပို့ဆောင်ရေးစက်ကွင်းကို အသုံးပြုသည့်နည်းဖြစ်လေသည်။

လက်ရှိယူရှောင်မိုသည် ယခင်ကယူရှောင်မို လုံးဝမဟုတ်တော့ချေ။ သူသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ အားလုံးကြံ့ခိုင်လာသည်မို့ ပို့ဆောင်ရေးစက်ကွင်းကြောင့် ပင်ပန်းတော့မည်မဟုတ်ပေ။

ယူရှောင်မိုနှင့်လင်းရှောင် ယခင်ကယန်မြို့သို့လာရန်အတွက် အသုံးပြုခဲ့သောလမ်းပန်းဆက်သွယ်ရေးနည်းလမ်းမှာ ဧရာမမီးငှက်ကြီးများအားစီးနင်းသည့် နည်းလမ်းဖြစ်ပေသည်။ ထိုအချိန်က သူတို့နှစ်ဦးဧရာမမီးငှက်ပေါ်မှဆင်းခဲ့သောနေရာမှာ ယန်မြို့အစွန်အဖျားဖြစ်သည်မို့ သူတို့ယခုခရီးသွားရန်အသုံးပြုမည့် ပို့ဆောင်ရေးစက်ကွင်းမှာ သူတို့နှင့်ပိုနီးလေ၏။

သုံးဦးသားသည် မြို့ဂိတ်ဝမှထွက်ခွာပြီးသည်နှင့်တစ်ပြိုင်နက် အလျင်အမြန်ပင်လှုပ်ရှားကြတော့သည်။

သူတို့သည် လမ်းပန်းဆက်သွယ်ရေးဇုံသို့ နာရီဝက်အတွင်း ရောက်သွားကြလေ၏။

လမ်းပန်းဆက်သွယ်ရေးဇုံတွင် ပို့ဆောင်ရေးစက်ကွင်းများစွာရှိသည့်အပြင် ထိုစက်ကွင်းများမှာလည်း ခရီးအကွာအဝေးအလိုက် အမျိုးအစားသတ်မှတ်ခွဲခြားထားလေသည်။ သူတို့မှာ တောင်ဘက်အရပ်သို့သွားမည်ဖြစ်ပြီး ခရီးလမ်းမှာအင်မတန်ဝေးကွာနေသည်မို့ အကြီးဆုံးပို့ဆောင်ရေးစက်ကွင်းအား အသုံးပြုရန်လိုနေတော့သည်။

ပို့ဆောင်ရေးစက်ကွင်းအား အသုံးပြုရန်ပေးရမည့် အခကြေးငွေမှာ ယူရှောင်မိုနှင့်လင်းရှောင် အရင်တစ်ခေါက်နန်ရဲမြို့သို့သွားသည့်အချိန်တုန်းကထက် အဆမတန်ပိုဈေးကြီးနေလေ၏။ သူတို့နှစ်ဦးမှာ ထိုအချိန်တုန်းက ရွှေစတစ်သိန်းပေးချေခဲ့ရပြီး ယင်းပမာဏမှာဈေးကြီးသည်ဟု ယူဆ၍ရလေသည်။ ယခုမှာတော့ အခကြေးငွေမှာ နှစ်ဆပင်မြင့်တက်သွားပြီး တစ်ယောက်စာအတွက် ရွှေစနှစ်သိန်းပေးချေရမည်ဖြစ်သည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Tempat cerita menjadi hidup. Temukan sekarang