[Zawgyi]🐦
ယူရှောင်မိုသည် သူလိုချင်သည့်သတင်းအချက်အလက်များရရှိရန် အလွယ်တကူပင် စကားလမ်းကြောင်းဖောက်နိုင်ခဲ့လေသည်။
မကြာသေးခင်အချိန်တုန်းက မက်မွန်ပွင့်ကျေးရွာသို့ တကယ်ပဲသတင်းလာရောက်ရှာဖွေသူများ ရောက်ရှိခဲ့ပြီးဖြစ်လေသည်။ ထိုလူများနှင့်တွေ့ဆုံဖြစ်ခဲ့သည့်လူမှာ ကျန်းထောင်အာဘကြီး၏ဒုတိယသားဖြစ်ပြီး အနှီလူမှာယူရှောင်မိုကိုလည်း ခြံရှေ့တွင်ပထမဆုံးတွေ့ရှိခဲ့သော သက်လတ်ပိုင်းအမျိုးသားကျန်းထောင်ဖြစ်လေ၏။
ကျန်းထောင်သည် အသက်လေးဆယ်ကျော်ပြီဖြစ်သော်လည်း မက်မွန်ပွင့်ကျေးရွာအပြင်ဘက်သို့တစ်ကြိမ်တစ်ခါမှမထွက်ဖူးသည်မို့ ပြင်ပလောကနှင့်ပတ်သတ်ပြီး အတွေ့အကြုံလုံးဝမရှိချေ။ သို့ဖြစ်လေရာ သူသည် တစ်ဖက်လူများ စကားနှိုက်သမျှအရာအားလုံးကို မခြွင်းမချန်ဘဲဖြေဆိုမိခဲ့သည်ပင်။ မည်သို့ပင်ဆိုစေကာမူ သူမပြောပြဖြစ်ခဲ့လျှင်တောင်မှ ကျန်းထောင်အာ၏ချစ်ပုံပြင်မှာ မက်မွန်ပွင့်ကျေးရွာမှလူအများသိကြသည်မို့ တွေ့ရာသက်ကြီးပိုင်းလူတစ်ဦးအား လှမ်းမေးလိုက်မည်ဆိုလျှင်တောင် သူပြောခဲ့သည့်အတိုင်းသာဖြေဆိုကြလိမ့်မည်ဖြစ်သည်။
သူတို့ထင်ထားသလိုပင် အနှီလူများသည် ယူရှောင်မိုအားလာရောက်ရှာဖွေကြခြင်းဖြစ်ပြီး ယူရှောင်မို၏ဖခင်မှ သူ၏သားအတွက် တစ်စုံတစ်ရာချန်ထားခဲ့သလားဆိုတာကိုပင် မေးမြန်းခဲ့သေးသည်။
သို့သော်လည်း ကျန်းထောင်သည် ထိုအချိန်က ယူရှောင်မို၏ဖခင်နှင့် တစ်အိမ်တည်းအတူမနေခဲ့သည်မို့ ထိုအကြောင်းနှင့်ပတ်သတ်ပြီး သူလုံးဝမသိချေ။ သို့သော်လည်း သူသည် တစ်ချို့သောသတင်းအချက်အလက်များကိုတော့ ပေါက်ကြားစေမိခဲ့လေသည်။ ဥပမာပြောရလျှင် ယူရှောင်မိုအား ထျန်ရှင်းဂိုဏ်းမှခေါ်ဆောင်သွားသည့်အကြောင်းအရာမျိုးပင်။ ထို့ကြောင့်အနှီလူများသည် ထိုအချက်အလက်ကြောင့် ထျန်ရှင်းဂိုဏ်းသို့ရောက်ချလာပြီး သောင်းကျန်းခဲ့ကြခြင်းဖြစ်ပေ၏။
ကျန်းထောင်သည် ယူရှောင်မို၏အဘေးမှ ဤဖြစ်ရပ်အားသိနေလိမ့်မည်ဟု လုံးဝမထင်ထားမိခဲ့ချေ။
BẠN ĐANG ĐỌC
尹琊's 传说之主的夫人{The Legendary Master's Wife}
Tiểu thuyết Lịch sửThe Legendary Master's Wife [ Chuanshuo Zhi Zhu De Furan ] Original Writer - Yin Ya 尹琊 English translators - Exiled Rebels Scanlations Myanmar Translation From Chapter - 321 [ Zawgyi X Unicode ] Genres : BL , Action , Adventure , Fantasy , Comedy...