Special 9

1.2K 170 26
                                    

Unicode

#KaiHun

အတန်းချိန်လည်းမရှိ၊ တခြားအလုပ်လည်းမရှိဘဲ အားနေတာမို့ ကျောင်းသားတွေ Volleyball လေ့ကျင့်နေသည့်ဘက်သို့ JongIn လာကြည့်မိသည်။

ကျောင်းပေါင်းစုံပြိုင်ပွဲနီးပြီမို့ အပြင်းအထန်လေ့ကျင့်နေကြတဲ့
လက်ရွေးစင်ကျောင်းသားတွေကိုကြည့်ရင်း JongIn ပြုံးမိတယ်။ သည်ကျောင်းရဲ့ဘောလီဘောလက်ရွေးစင်အဖြစ် သူရော၊
ငယ်ပါရွေးချယ်ခြင်းခံခဲ့ရတယ်။ ဒီနေရာမှာအတူလေ့ကျင့်ခဲ့ဖူးသလို၊ ပြိုင်ပွဲတွေအများကြီးကို
အတူယှဉ်ပြိုင်ခဲ့ကြဖူးတယ်။ အတွဲညီတဲ့ကစားသမားနှစ်ယောက်အဖြစ် သတ်မှတ်ခြင်းလည်းခံခဲ့ရသည်။

တကယ်ကိုကိုယ်ချစ်ရသူနဲ့အတူတွဲလုပ်ရတဲ့ အရာတိုင်းဟာ
ကြည်နူးမှုအပြည့်ဖြစ်စေတယ်။ အခုလိုပြန်မြင်ယောင်မိတာတောင် ရင်ထဲတလှပ်လှပ်နှင့်ပင်။
လွမ်းရသလို၊ကြည်နူးမှုကိုလည်းခံစားရစေသည်။

'ဘာလဲကျောင်းသားဘဝကိုပြန်လွမ်းနေတာလား '

အမေးနဲ့အတူ သူ့ဘေးနားလာရပ်တဲ့ YiXing။
သူရော YiXing ပါတစ်ပြိုင်နက်တည်းရီမိကြသည်။

'တရုတ်ကပြန်ရောက်တာငါ့ကိုတောင်အကြောင်းမကြားဘူး
ဘယ်မလဲလက်ဆောင် '

'ကျောင်းမှာလည်းတွေ့ရမှာဆိုတော့ တမင်ကြီးပြောမနေတော့ဘူးလေကွာ လက်ဆောင်ကတော့
ဘာမှမပါဘူး မင်းတို့တွေ ငါ့ဇာတိတစ်ခါပြန်တိုင်းလက်ဆောင်ပဲတောင်းနေကြတာ
ရိုးရာမပျက်ဘူးနော် '

'တောင်းရတာပေါ့ကွ မင့်ပဲတောင်းစရာရှိတာလေ'

'ကျောင်းပိတ်လို့တစ်ခေါက်ပြန်မှ ယူလာခဲ့မယ်ကွာ
ဒီတခါတော့အလုပ်ကိစ္စလည်းနည်းနည်းပါတော့ '

'ရပါတယ်ကွ ငါတို့ကနောက်တာကို '

'အဟား !!! မင်းတို့နောက်တာကိုငါပိုကြောက်တယ်'

YiXing နဲ့စကားပြောနေရင်းက နည်းပြဆရာက
သူတို့ကိုမြင်သွားပြီးလှမ်းနှုတ်ဆက်သည်မို့ ကွင်းထဲသို့
နှစ်ယောက်သားဝင်သွားမိသည်။နည်းပြက သူတို့နှစ်ယောက်ကို လက်ရွေးစင်ကစားသမားကောင်းနှစ်ယောက်အဖြစ် မိတ်ဆက်ပေးတဲ့အခါ မျက်နှာပူသလိုခံစားမိကြတာ
ဘာကြောင့်မှန်းမသိ။ ကျောင်းသားတွေကို အားပေး စကားအနည်းငယ်ပြောပေးကြပြီးနောက် သူနဲ့YiXing
ဌာနဘက်သို့ပြန်လာလိုက်သည်။

Special_Sequel​[KaiHun]Место, где живут истории. Откройте их для себя