အပိုင်း(၂၈)ကမ္ဘာ့စိတ်နယ်လွန်ခန္ဓာ

560 82 0
                                    

အပိုင်း(၂၈)ကမ္ဘာ့စိတ်နယ်လွန်ခန္ဓာ

"ဟမ်?''

ကျန်းရီ၏ အမူအရာသည် အေးခဲသွားခဲ့သည်။ သူသည် ရီမိသားစုကို လက်ထပ်ရန် နောက်ထပ် ကမ်းလှမ်းမှုတစ်ခုကိုသာမက ရီလုံယွိ၏ ကျန်းဂိုဏ်းကို ဖော်ပြမှုကိုပါ ကြားလိုက်ရသည်။

ကျန်းရီသည် အလေးအနက်တွေးတောနေခဲ့လိုက်ပြီး အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားခဲ့သည်။ ရီမိသားစု၏ လက်ရှိမျိုးဆက်တွင် အတော်ဆုံး သိုင်းပညာရှင် ဖြစ်သောကြောင့် ရီလုံယွိသည် အနည်းဆုံး ကျန်းဂိုဏ်း၏ သိုင်းကွက်တစ်ခု၊နှစ်ခုလောက်ကို သိရပေမည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းရီသည် အသေအချာကို ငြင်းလိုက်လေသည်။

"သခင်လေးရီရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်...ကျွန်တော့်လို နိမ့်ကျတဲ့ လူတစ်ယောက်က သခင်မလေး လင်းရွှယ်အတွက် သင့်တော်တဲ့သူ မဟုတ်ပါဘူး"

ရီလုံယွိသည် ကျန်းရီ၏ စကားကို ကြားသော် တစ်ချက်ပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ဘဲ အပြင်သို့ ထွက်ခွာသွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသော် သူသည် ပြန်လှည့်လာပြီး ပြုံးရင်း စကားဆိုလာခဲ့သည်။

"မင်းက တကယ့်ကို ထူးဆန်းတဲ့ လူတစ်ယောက်ပဲ...ငါ့ရဲ့ တိမ်မျောလွင့်လက်က မင်းနဲ့ တိုက်ခိုက်ပြီးတဲ့နောက် ပိုပြီး တိုးတက်လာတယ် ထင်ရတယ်။ ဆနာက်ထပ် အကြိမ်ရေနည်းနည်း ထပ်တိုက်ခိုက်လိုက်မယ်ဆိုရင် သဘာဝလွန်အဆင့်ကို ရောက်တော့မယ်လို့ ထင်ရတယ်၊ စိတ်မပူပါနဲ့...ငါမင်းရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးပါ့မယ်...အပြန်အလှန်အနေနဲ့ မင်းက ရီမိသားစုရဲ့ လူငယ်တွေနဲ့ တိုက်ခိုက်လေ့ကျင့်ပေးရမယ်၊ မင်းက အစွမ်းကုန်တိုက်ခိုက်ပေးမယ်လို့ ငါမျှော်လင့်ပါတယ်"

သူ့ရဲ့ သိုင်းပညာလည်း တိုးတက်သွားတယ်လား?...အနက်ရောင် အတွင်းအားက အရမ်းထူးဆန်းတယ်...ဒါပေမယ့် အနက်ရောင်အတွင်းအားက ငါ့ကိုယ်ထဲမှာ ရှိတာလေ၊ ငါက သူတို့နဲ့ တိုက်ရုံပဲကို...တကယ့်ကို ထူးဆန်းလွန်းတယ်

သိုင်းပညာရှင်တစ်ယောက်၏ သိုင်းပညာကို နားလည်မှုသည် သူ၏ ပါရမီနှင့် ကြိုးစားမှုအပေါ်တွင် မူတည်သည်။ ပါရမီသာပါလာပါက သဘာဝလွန်အဆင့်ကို သေချာပေါက် ရောက်မည်ဖြစ်သည်။ အချိန်တစ်ခုသာ လိုလေသည်။ ပါရမီ လုံးဝမပါလာသော် မည်မျှပင် ကြိုးစားစေကာမူ ကျွမ်းကျင်အဆင့်ကိုပင် ရောက်ရန် မလွယ်ကူချေ။ သိုင်းလေ့ကျင့်ခန်းအတွင်း တိုက်ခိုက်ရာတွင် အင်အားနှင့် သိုင်းပညာကျွမ်းကျင်မှုကိုသာ အားကိုးရလေသည်။ သိုင်းပညာကျွမ်းကျင်မှုသည် တစ်စုံတစ်ယောက်၏ အင်အားအလုံးစုံကို မြှင့်တင်ပေးနိုင်သည်။ သို့သော် ကျန်းရီနှင့် အကြိမ်အနည်းငယ် လေ့ကျင့်ရုံမျှဖြင့် ဘယ်လိုလုပ်ပြီး သဘာဝလွန်အဆင့်ကို ရောက်ရှိသွားရပါသနည်း။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now