" မမ.. မမ.. ပန်းသီးအခွံကို ဘယ်လိုခွာရတာလဲဟင် "
တာဝန်နားချိန်မို့ ဂျုတီကုတ်ဝတ်မထားတဲ့ ဂျုံဒေးလေးက ပြာတာပြာတာနဲ့ ကောင်တာကို ပြေးလာပြီး စကားကို ချစ်ဖို့ကောင်းအောင်ပြောရင်းမေးတာမို့ သူနာပြုမလေးတွေက အူယားပြီး ရယ်ကြတယ်၊နောက်တော့ အဲ့ဒီ့ထဲက အကြီးဆုံးသူနာပြုက ဂျုံဒေးလက်ထဲက ပန်းသီးနှစ်လုံးကို လှမ်းယူလိုက်တယ်၊
" ဒေါက်တာလေးက ပန်းသီးခွာပြီးဘာလုပ်ချင်လို့လဲ "
" စီနီယာက ပြောတယ်၊ ကိုကိုက အစာစားလို့ရပြီတဲ့၊ ကိုကို့အတွက် ခွာပေးချင်လို့ "
နှုတ်ခမ်းဖျားလေးတွေကော့တဲ့အထိ ပြောနေတဲ့ ကောင်လေးကို သူတို့အားလုံးပြုံးပြုံးကြီးကြည့်နေတုန်းမှာပဲ Round လှည့်လို့ပြီးသွားတဲ့ ဂျွန်မြောင်က သူတို့အနားရောက်လာပြီး ဂျုံဒေးရဲ့ ပုခုံးပေါ် လက်တင်လိုက်တယ်၊ ပွစိပွစိနဲ့အကူအညီတောင်းနေဆဲ ပါးဖောင်းဖောင်းလေးကို အူယားပြီး ဆွဲဖဲ့လိုက်တော့ အိခနဲ အသံသေးသေးလေးထွက်လာတယ်၊ ဘာမှမဟုတ်ဘူး.. ဒီကောင်လေး.. သက်သက်ဉာဏ်များနေတာ၊ သူ့ကိုကိုကဖြင့် ဒဏ်ရာတွေကြောင့် အစာပျော့ပျော့ပဲ စားခွင့်ရှိသေးတာကို..၊ ပန်းသီးက သူစားချင်ပေမဲ့ ဘယ်လိုခွာရမလဲမသိဘူးလေ ဟုတ်တယ်မလား .. ကြားထဲက မင်ဆော့ကို နာမည်ခံပြီးညာစားပြီပဲ...။
" မင်းက ပိုလှချည်လားကွ ဟမ်.."
" စီနီယာဂျွန်ကလည်း.. ကျွန်တော်က တအား ချစ်လို့ကို "
" အမလေးဗျာ.. ပြောတတ်လိုက်တာ၊ ဒီလိုအပြောတွေနဲ့ပဲ ငါတို့မင်ဆော့ကို အပြီအပြင်နိုင်စားနေတာ၊ ဟုတ်လား.. လူတတ်လေး"
အသည်းယားဖို့ကောင်းအောင် ဖြေရှင်းချက်ပေးနေတဲ့ ဆရာဝန်လေးရဲ့ ခေါင်းလေးကိုဆွဲဖွရင်း ရယ်လိုက်တော့ ပေါက်စလေးက နှုတ်ခမ်းလေးမဲ့ပြပြီး သူ့ဆံပင်သူ ပြန်သတယ်၊ ပြီးတော့ ရှုံ့မဲ့ရှုံ့မဲ့နဲ့ သူ့ကေကိုပျက်အောင်လုပ်ရကောင်းလားဆိုပြီး ရန်ထောင်ပါလေရော၊ သူ့ကိုကိုက သူ့ကိုကြည့်ရင် မလှပဲနေတော့မယ်ဆိုပြီး တအိအိညည်းတွားနေတာမို့ ဂျွန်မြောင်က ပြုံးစိစိဖြစ်နေတဲ့နှုတ်ခမ်းသားတွေနဲ့ ဂျုံဒေးရဲ့ ဆံပင်ကို ပိုရှုပ်အောင်လုပ်ပစ်တယ်၊
![](https://img.wattpad.com/cover/98135684-288-k202339.jpg)
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...