ငယ်ရေ.....
လူတွေကပြောကြတယ် မင်းက သူ့လောက်မလှပါဘူးတဲ့
ဒါဆို လှတယ်ဆိုတာကို ဘယ်စံနှုန်းနဲ့ နှိုင်းကြသလဲလို့ မေးတော့....ဇင်ရော်တောင် မျက်ခုံး
သမင်မျက်လုံး
ငါးရှဉ့်ကိုယ်လုံး အစရှိသဖြင့်ပေါ့
ပြန်ဖြေကြတယ်
ဒါပေမယ့် ငယ်.....
ငယ် သိရမှာက သူတို့ပြောကြတဲ့
အပြင်ပန်းအလှဆိုတာ တာရှည်ခံတဲ့
အရာမဟုတ်ဖူး ငယ်
တစ်ခဏတာလေးပဲ ရစ်မူးခွင့်ရှိတာပါငယ့်ရဲ့ စိတ်အလှဆိုတာကမှ တစ်သက်လုံးအတွက်
ရစ်မူးပိုင်ခွင့်ရှိတာပါ...."မင်းကသူ့လောက်မလှဘူး"
လို့ဆိုလာခဲ့ရင် ရဲရဲဝံ့ဝံ့သာ ပြောလိုက်ပါငယ်
"သူကလည်း ငါ့လောက်မှ မလှတာ" လို့ပေါ့။
YOU ARE READING
မင်းကိုယ်မင်း နှိမ်ချလွန်းနေသလား ငယ်?
Short Storyငယ်လေး မင်းကိုယ်မင်း အရမ်းအားငယ်နေတယ်ထင်ရင်......