5.

643 113 7
                                    



Gp လိုက် Hangout လုပ်ရင် သူ့ကို
မပါပါအောင် ခေါ်ပါ

Welcome အကြောင်းပြု Sehun နဲ့ ခင်အောင်
လုပ်မယ် လို့တွေးထားပေမယ့် ထင်သလောက်
တော့ လွယ်ကူမနေပေ ....

အဲ့တာကြောင့် မြင်တာနဲ့ နှုတ်ဆက်နိုင်ရုံက လွဲပြီး
ဘာမှ ထပ်မပြောနိုင်ပေ ....

Welcome က လည်း အကုန်လုံး ကြိုးစားကြတာမို့ အောင်အောင်မြင်မြင် ပြီးသွားခဲ့သည်လေ...

" ညီတို့ ကျေးဇူးနော် ညီတို့ ကျေးဇူးကြောင့်
ကိုယ်တို့ welcome က သေချာ ပြီးသွားခဲ့တာ
အဲ့တာ အကိုတို့ သွာသောက်မှာ လိုက်ခဲ့ကြနော်"

ကျောင်းသားခေါင်းဆောင် ShinWoo က
အပျော်အပါးမက်ပြီး အုပ်စုလိုက် အပြင်သွား
ရတာမျိုးကို သဘောကျသည်....

ထို့ကြောင့် ဒီလိုပြောမယ်ဆိုတာ Baekhyun
ခန့်မှန်းပြီးသား နှစ်ယောက်တည်း Hangout
မဟူတ်ပေမယ့် နောက်ဆုံးတော့ သူနဲ့ Sehun
Hangout လုပ်ရတော့မည်....

Baekhyun တွေးရင်းနဲ့ပင် ကြည်နူးပီတိ ဖြစ်ကာမျက်ရည်များပင် ကျလာတော့မလိုဖြစ်သည်...

"ဟိုလေ စီနီယာဗြောင် ကျွန်တော် မလိုက်လို့ရလား"

နည်းနည်းအနေရခက်သလိုနဲ့ သူ့ကို တိုးတိုးလေး
လာပြောတဲ့Sehun....

သေချာပေါက် ShinWoo hyung က မလိုက်ချင်
တဲ့သူကိုတော့ အတင်းခေါ်နေလိမ့်မည်မဟုတ်
အဓိက သူ့ရည်ရွယ်ချက် သောက်ဖို့ပဲ ဆိုတော့...

"ဟင့်အင်းမရဘူး ShinWoo hyung က အငြိုး
ကြီးတယ် တစ်ခေါက်က ငါသူခေါ်တဲ့ ပွဲကို
မလိုက်မိလိုက်တာ ငါ့ကို တမျိုးပြီး တစ်မျိုး
လိုက်နှောက်ယှက်တာ သိလား?"

Sehun မျက်နှာက ဘယ်လိုမှနေတဲ့ပုံ ပေါ်မနေ
ပေမယ့် သူ့မျက်လုံးလေးတွေက စိတ်ရှုပ်နေပြီ....

မတတ်နိုင်ဘူး အသည်းလေးရေ
ဒီနေ့မှ အသည်းလေးနဲ့ hangout မလုပ်ရရင်
ဒီByun Baekhyun ရူးသွားလိမ့်မယ်...

How To Flirt your Crush....!Tahanan ng mga kuwento. Tumuklas ngayon