အပိုင်း ( ၂၉ )

6.9K 939 153
                                    

" တပ်ရင်းမှူးကို အစီရင်ခံပါတယ်၊ ကျွန်တော်တို့အားလုံး ဘေးကင်းလုံခြုံစွာနဲ့ ပေကျင်းကိုပြန်ရောက်ပါပြီ "

ဗိုလ်ကြီးလုဟန်ရဲ့ အစီရင်ခံစကားကြောင့် ရုပ်တည်ကြီးနဲ့ မျက်မှောင်ကြုံ့ထားတဲ့ တပ်ရင်းမှူးက ဘာစကားမှမပြန်ပဲ သူ့မျက်စိရှေ့က လုဟန်ကိုပဲ ခြေဆုံးခေါင်းဆုံးစိုက်ကြည့်တယ်၊ ကောင်းတယ်၊ သိပ်ကိုကောင်းတယ်၊ ဆူစရာဆဲစရာများလွန်းလို့ ဘယ်ကစပြီး ဆူရမှန်းတောင်မသိတော့ဘူး၊ သူများနိုင်ငံသွားပြီး မွှေလို့ဝတော့ ပြန်လာကြပြီပေါ့လေ..

မကျေမနပ်ဖြစ်ပြီး ကြက်တူရွေးနှုတ်တိုက် တတွတ်တွတ်ဆူပြန်ရင်လည်း ကိုယ်ပဲ အဖက်တင်အားညောင်းမယ်ဆိုတာ သိတဲ့ တပ်ရင်းမှူးက ဟင်းခနဲသက်ပြင်းချတယ်၊ ပြီးမှ စစ်ဆေးခန်းက သတင်းတင်ပြချက်ကို သတိရသွားတာမို့ စားပွဲပေါ်မှာတင်ထားတဲ့ ဖိုင်တွဲကို ကောက်လှန်ပြီး စစ်ဆေးလိုက်တယ်၊

"မင်း က တာဝန်အတိုင်း အိမ်တော်ကိုပြန်လို့ရပြီ၊ ဟိုလူစွမ်းကောင်းကြီး ရှောင်းကျန့်ကိုတော့ တပ်ရင်းမှာ တစ်ပတ်လောက်ပြန်ကြွလာဖို့ လျှောက်တင်လိုက်ပါဦး "

" ဒုဗိုလ်ဝမ်ရိပေါ်ရော ပါ,ပါသလားခင်ဗျ"

မဆက်စပ်တဲ့မေးခွန်းကြောင့် တပ်ရင်းမှူးက ဖိုင်တွဲကို ဗြန်းခနဲ ဆောင့်ပိတ်လိုက်ပြီး လုဟန်ကို မော့ကြည့်လာတယ်၊ မကျေမချမ်းမှုတွေများလာတာမို့ သူ့မျက်နှာက တဖြည်းဖြည်းစူပုတ်လာပြီဆိုပေမဲ့ နည်းနည်းလေးမှအကြောက်အလန့်မရှိတဲ့ လုဟန်ကတော့ ရုပ်တည်ကြီးနဲ့မတ်တတ်ရပ်နေတုန်းပဲ..။

" ရှောင်းကျန့် နဲ့ ဝမ်ရိပေါ်က buy 1 get 1 လား "

" ဒုဗိုလ်ရဲ့ သေနတ်ဒဏ်ရာက အတွင်းချုပ်ရိုးပြေပြီး နာကျင်ကိုက်ခဲနေတဲ့အတွက် အနီးကပ်ဆရာဝန်တစ်ယောက် လိုအပ်နေလို့ပါ "

ဘယ်တုန်းကဖြစ်ခဲ့မှန်း ဝေေ၀ဝါးဝါးတောင် မမှိတ်မိတော့တဲ့ ဒဏ်ရာကို အကြောင်းပြုပြီး ကောင်းမွန်တဲ့လျှောက်လှဲချက်ပေးသော်ငြားလည်း လုဟန်ထွင်တဲ့ခြုံကို ကြိုတင်သိပြီးသားဖြစ်တဲ့ တပ်ရင်းမှူးက နှုတ်ခမ်းကိုမဲ့ပြီး စားပွဲကို တဘန်းဘန်းရိုက်ရင်း မေးတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now