part -2

6.6K 415 14
                                    

Unicode

ဒီနေ့ကျောင်းကို အစောကြီးရောက်နေခဲ့တယ်။ ရှေးကို ကြည့်ရတာ အခုတလော အရမ်းချူချာနေတာမို့ စိုးရိမ်တာလဲ ပါတာပေါ့။ ကျွန်တော်ကျောင်းရောက်တော့ လူနဲနဲပဲရှိပါသေးတယ်။ အခန်းတံခါးဝကို လည်ပင်းရှည်ရှည်နဲ့မျှော်နေတဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေက ပြောကြပါတယ်။ လင်ပူမိနေတာတဲ့။ သေချာတာပေါ့ ကျွန်တော်မွေးကတည်းက ငိုတာတောင်း
အူဝဲ အူဝဲလို့ မအော်ပဲ ရှေး ရှေးလို့ အော်ငိုတာ။

"ငသွင် ဟိုမှာ ရှေး လာပြီ"

အာကာမင်းယံက ရှေ့ခုံကနေနောက်ပြန်လှည့်ကာ ကျွန်တော့်ကိုပုတ်ရင်း အလောတကြီးပြောတာကြောင့် ကျွန်တော် အခန်းတံခါးကို ခေါင်းထောင်ပြီးကြည့်လိုက်မိတယ်။

အိုမိုင်ဂေါ့...  ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဆံပင် တွေ ရှင်းသန့်နေအောင် ဖီးသင်းထားပြီး ကျောင်းဝတ်စုံ ပြည့်နဲ့ရှေး ။ ကျောပိုးအိတ်ကို တစ်ဖက်တည်းသာလွယ်ထားလျက် ဝိုင်းသည်ဟုဆိုရမလား။ စတုရန်း ဟုဆိုရမလည်း အနားသတ်လေးတွေ ကွေးနေတဲ့ မျက်မှန် ကြည်ကြည်လေး တပ်ဆင်ထား၏ ။လှပလွန်းတဲ့ မျက်တောင်ဖျားတွေကို အုပ်မိုးသွားစေကာမူ ဖြူဝင်းသောအသားအရည်နဲ့ နဂိုအရွယ်ထက် ပိုထွားနေသော ရှေးက ကျွန်တော် တစ်ယောက်တည်းအတွက် သီးသန့် နတ်သက်ကြွေလာတဲ့ နတ်သားတစ်ပါးလို။ ခပ်ရဲရဲ နှုတ်ခမ်းတို့က ထူးဆန်းစွာ ကြည့်နေသည့် လူတွေကြောင့် ခနခန သပ်တင်၏။ တွံတွေးတို့ခံတွင်း၌ ပြည့်လျှံလာသော်ငြား လည်ချောင်းဝကချောက်ကပ်ကာမျိုချဖို့ မစွမ်းပေ။

"ငါ့မျက်နှာ တစ်ခုခု ဖြစ်နေလို့လားဟင်"

အနားရောက်လာကာ ကျွန်တော့်မျက်နှာတည့်တည့်ကြည့်လျက် သူ့မျက်နှာသူလက်တွေဖြင့် ကိုင်ရင်း မေးနေတဲ့သူ။ ဟင့်အင်း မင်း သိပ်ချစ်စရာကောင်းနေတာ။

"ချစ်ဦးသွင် "

"တွဲရအောင်"

ဘာကြီး ဘာကြီး ။အို..  ကျွန်တော်ရူးတော့မှာပဲ။ ကျွန်တော် အဲ့ဒီစကားကို တက္ကသိုလ် တတ်မှပြောဖို့ ရည်ရွယ်ထားတာ။

"ဘာ!!"

ရှေးရဲ့ အော်သံက ကျွန်တော့်နားစည်ပွင့်ထွက်မတတ်ပါပဲ။
ရှေး ဒီလိုပဲ အံ့သြမယ်ဆိုတာကို ကျွန်တော်သိပြီးသားမို့
ထူးတော့မထူးဆန်းပေမယ့် ရှေးမျက်နှာမှာ မြင်နေရတာ
အခုချက်ချင်းပဲ ကျွန်တော့်ကို ထသတ်တော့မယ့်ပုံရိပ်တွေ။

Before Fiction (Completed) Hikayelerin yaşadığı yer. Şimdi keşfedin