ကျွန်တော်

50 2 0
                                    

ကျွန်တော်ပါ။
ကျွန်တော်ဖြစ်သည်။
ကျွန်တော်သည် ကျွန်တော်ဖြစ်သည်။
ကျွန်တော်ဖြစ်သည်သာ ဆိုသည်၊ ကျွန်တော် ဘယ်သူလဲ ကျွန်တော်မသိ။
နေပါဦး။ ကျွန်တော်သိသည်။
ကျွန်တော်ဘယ်သူလဲ ကျွန်တော်သိသည်။

ကျွန်တော့် ဦးခေါင်းထဲတွင် ပုံရိပ်များစွာပျံလွင့်လာခဲ့သည်။
ကျွန်တော်ဘယ်သူလဲ ကျွန်တော်သိဟန်တူသည်။
ထိုပုံရိပ်များ- ဟုတ်ပါရဲ့- ကျွန်တော့်ကိုကျွန်တော် မြင်နေရသည်။ ကျွန်တော် ပြုံးနေသည်။ နှစ်နှစ်ခြိုက်ခြိုက်လည်း ပြုံးခဲ့ဟန်တူပါသည်။

ထိုပုံရိပ်- ကျွန်တော့်ပုံရိပ်။
ဟုတ်ပါရဲ့...
ကျွန်တော် ပြုံးလိုက်မိသည်။ နှစ်နှစ်ခြိုက်ခြိုက်တော့မဟုတ်။
မဲ့ပြုံးလား? မဟုတ်ပြန်။
နောင်တပြုံး? ဟုတ်မည်ထင်သည်။
အဓိပ္ပာယ်မဲ့အပြုံး? နီးစပ်သည်။
​မသိပါ၊ ကျွန်တော့်မျက်နှာ ဘာအတွက်ပြုံးသွားသလဲကိုပင် ဆန်းစစ်နိုင်စွမ်း မရှိတော့ပါ။

ပုံရိပ်များဝေဝါးစွာ ပေါ်လာသည်။
မေမေ၊ ဖေဖေ၊ ကိုကြီး၊ မမ...
ဟုတ်သည်၊ သူတို့ဖြစ်သည်။ သူတို့ကိုရင်ဆိုင်နိုင်စွမ်း ကျွန်တော့်တွင်မရှိ။
ကျွန်တော် ကျွန်တော်ဖြစ်ပါသည်။

မေမေ၊ ဖေဖေ။
ထို့အတွက် ကျွန်တော်တောင်းပန်ပါသည်။

တောင်းပန်သည်? ဘာအတွက်ကျွန်တော်တောင်းပန်တာလဲ?

မစဥ်းစားချင်တော့ပါ။ ဦးနှောက်ကရော နှလုံးသားကပါ နာကျင်လွန်း၍ ကျွန်တော်မစဥ်းစားချင်တော့ပါ။ ကျွန်တော် မေမေ့ရဲ့ ကျွန်တော် မဟုတ်ခဲ့တာကြာခဲ့ပြီပဲဖြစ်သည်။

​ပုံရိပ်များကို ဖယ်ထုတ်ပစ်ချင်သည်။
ထွက်သွား.. သွားပါလေ.. မမြင်ချင်ပါ။

ဝေဝါးသွားသည်။ ပုံရိပ်များမရှိတော့။

ဘယ်မှာလဲ? ကျွန်တော် ဘယ်မှာလဲ?
ပုံရိပ်များမရှိတော့... မြင်ကွင်းမှာ လင်းနေသည်။
နေ့ခင်းလင်းရောင်ခြည်ဖြစ်မည်။
ဖြာနေသည်၊ အလင်းရောင်များ ဖြာနေသည်။

ဟော.. ပိတ်သွားပြီ။ အလင်းရောင် ပိတ်ခံလိုက်ရသည်။ အလင်းမရှိတော့...

မဟုတ်၊ အလင်းရောင် ပြန်ရောက်လာသည်။
တစ်ဖန် ပြန်မှောင်သွားသည်။

ဟုတ်ပါရဲ့ လူတွေဖြစ်သည်။
လူတွေ လမ်းလျှောက်နေကြသည်။
သွားမည်ဆို ပိုမှန်မည်။ နှစ်သက်ရာ ထိုင်ခုံဆီသို့ သွားထိုင်ကြတာသာ ဖြစ်သည်။

ကျွန်တော့်မျက်စိရှေ့တွင် အသားခပ်လတ်လတ် လူရွယ်တစ်ဦးထိုင်နေသည်။
အိတ်ဆောင်ကွန်ပြူတာတစ်လုံးနှင့်ဖြစ်သည်။
လက်ပတော့ ခေါ်  ထိုကွန်ပြူတာကို သူစူးစိုက်ကြည့်နေသည်။ သူအလုပ်လုပ်နေတာဖြစ်မည်။
ဟုတ်သည်။ ယနေ့သည် တနင်္ဂနွေဖြစ်သည်။

ကျွန်တော် သတိဝင်လာသည်။
ဟုတ်သည်။
ကျွန်တော် ထိုနေရာရောက်နေခြင်းဖြစ်သည်။
သိပ်နှစ်သက်သော နေရာ။

ထောင့်လေးတစ်ထောင့်၊
​သက်သောင့်သက်သာရှိသော ထိုင်ခုံဆိုဖာ၊
အအေးတစ်ခွက်။

ဟုတ်ပါရဲ့... ကျွန်တော် အအေးဆိုင်တစ်ဆိုင်ထိုင်နေခြင်းဖြစ်သည်။
ရင်မဆိုင်ရဲသော ပြင်ပလောကကို ကျောခိုင်း၍
ဤနေရာခဏခဏ ကျွန်တော်လာဖြစ်သည်။

ရင်မဆိုင်ရဲသော ပြင်ပလောက၊
မရေရာသော အနာဂတ်နှင့်
ရှောင်ပုန်းကောင်းသော ကျွန်တော်
ထိပ်တိုက်တွေ့တာ ကြာခဲ့ပြီပဲဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Nov 10, 2019 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော်နှင့် လူသိမခံနိုင်သော ကျွန်တော့်လျှို့ဝှက်ချက်များWhere stories live. Discover now