လက်ကိုလှမ်းဆုပ်ကိုင်ခံလိုက်ရတာကြောင့်
ရုတ်တရက်မို့လန့်သွားမိသည်။
ဒါကဘယ်လိုအခြေအနေမျိုးလဲ။ဆောင်းရာသီဝင်စမို့ ခပ်အေးအေးဖြစ်လာတဲ့
ရာသီဥတုနဲ့ကိုက်ညီစေရန်အလို့ငှာ အရပ်ခပ်ရှည်ရှည် ကောင်ကလေးက Hoodieအမဲလေးကိုဝတ်ထားသည်။သူ့ကိုယ်လုံးကိုဆွဲလှည့်ကာ လက်ကို
ဖမ်းဆုပ်ထားသော ကောင်လေးကြောင့်
သူအံ့ဩသွားကာ လက်ကိုဖမ်းဆုပ်လိုက်သူ၏
အမည်ကိုသာ ခပ်တိုးတိုးလေးဆိုမိသည်။'Chan'
လက်ကိုဖမ်းဆုပ်ထားသော
ကောင်လေးကတော့ ပါးချိုင့်လေးမပေါ်တပေါ်ပြုံးပြီး
သူ့ကိုကြည့်နေသည်။'Chan ဟို ကျွန်တော်'
နေရခက်တာထက် ဒီလူ့ရင်ထဲ
မြင်းတွေဒုန်းစိုင်းပြေးနေသလိုလက်ဖျားခြေဖျားတွေပါ အေးစက်လာသည်။' Hyung Hyuneeကိုချစ်တယ်။'
သြရှရှပြောသံအဆုံးမှာတော့
Chanကခေါင်းကိုငုံ့ကာအနားကပ်လာသည်။'Hyunee Hyungပြောတာကြားလား။'
စိတ်လှုပ်ရှားတဲ့အမူအရာမပြပေမယ့်
Chanကိုကြည့်ရတာ အရင်လိုတည်ငြိမ်မနေ။'ဗျာ....ဟုတ် ကြား ကြားတယ် Chan'
အခုအခြေအနေကိုအံ့ဩလွန်း၍
မှင်သက်ကာသာကြည့်နေမိတာကြောင့်
Chanကမေးခွန်းလှမ်းမေးလာသည်။
ထိုအခါမှပဲ အသိစိတ်ဝင်လာပြီး
မဆီမလျော် အထစ်ထစ်အငေါ့ငေါ့ ဖြေလိုက်ရသည်။'Hyunee'
ခေါ်နေကျ သြရှရှလေသံကလည်း
ခုမှပဲပိုထူးပြီးနူးညံ့နေသလို။ဖမ်းဆုပ်ထားသောလက်ကိုလွှတ်ကာ
ပါးပြင်နှစ်ဖက်ကိုအုပ်ကိုင်လိုက်တော့
လူကအငွေ့ပျံချင်နေပြီ။
အိပ်မက်မဟုတ်ဘူးမလား ဒါက။' Hyungကိုတစ်ခုခုလောက်ပြန်ပြောပါဦး အဆိုးလေးရဲ့'
ဂျစ်ကန်ကန်ဆန်ကာခေါင်းမာတဲ့သူ့ကို
အဆိုးလေး လို့Chanကမကြာခဏဆိုသလို
ခေါ်တတ်သည်။'Chan အတည်ပြောတာလား'
သူ့မေးခွန်းအပြီးမှာတော့ Chanဆီက
ဟက် ဆိုသော အသံကိုကြားလိုက်ရသည်။