Part-4

5.4K 357 11
                                    

Unicode

အချိန်နဲ့ဒီရေသည် လူကိုမစောင့်တဲ့။
Time and tide waits for no man. လို့ဆ်ိုတယ်။ လူကြီးတစ်ယောက်က ပြန်ငယ်ချင်လို့မရသလို လူငယ်
တစ်ယောက်ကလည်း အမြန်ကြီးချင်လို့မရဘူး။ကျွန်တော်ဆိုတဲ့ကောင်ကလည်း အသက်ထက် လူပိုကြီးနေတော့ ပုံမှန်အတိုင်း လည်ပတ်နေတဲ့ ကမ်ဘာ ကြီးကိုမေးချင်တာတစ်ခုရှိတယ်။

ခင်ဗျား ကိုယ်ပေါ်မှာ အမိုှက်သရိုက်တွေ သယ်ပိုးထားရတာ
စိတ်မပျက်ဘူးလား။

ဒါဖြင့် မင်းရော ရှေး ကို ချစ်ရတာ စိတ်မပျက်ဘူးလား။

"မဟုတ်ဘူး... မဟုတ်ဘူး.....မသိဘူး...တောင်းပန်.."

အိပ်နေရင်း ယောင်နေတဲ့ ရှေးကြောင့် သချာၤတွက်နေရာကနေ ကျွန်တော်ခေါင်းလေးထောင် ကြည့်မိတယ်။ ထူးထူးဆန်းဆန်း ရှေးဟာ အိမ်မက်ဆိုးတွေမက်နေပြန်တယ်။ မနက်ဖြန်
အလည်သွားချင်ဇောနဲ့ စာလုပ်နေတဲ့ ကျွန်တော်ဟာ ချွေးစီး
လေးတွေပျံပြီး စောင်တွေကို အားကိုးတစ်ကြီးဆုပ်ကိုင်ထား
တဲ့ ရှေးဘေးကိုသွားလိုက်တယ်။

"မကြောက်နဲ့ ငါရှိတယ်"

တုန်နေတဲ့လက်တွေကို သူ့လက်တွေနဲ့ နွေးထွေးမူးပေးဖ်ို့
ကြိုးစားလိုက်ပေမယ့် ရှေးဟာ သူ့လက်တွေကို ဖယ်ချပစ်တယ်။

"မထိနဲ့ "

"ရှေး ငါလေ ချစ်ဦသွင် ပါ"

"ဦးချစ်"

"ဟုတ်တယ် မင်းရဲ့ ဦးချစ်"

ကျွန်တော် အသံကြားတဲ့ရှေးဟာ ခဏတော့ ငြိမ်သွားပေမယ့်
ကျွန်တော် လက်တွေကို ပြန်ဖယ်ချခဲ့တယ်။ အဲ့ဒီနောက်
ထင်မှတ်မထားသည့်မျက်ရည်တွေ ကျဆင်းလာခဲ့တယ်။

"ရှေး ရှေး"

ကျွန်တော် အသံကျယ်ကျယ် အော်ခေါ်ပြီး ရှေးကို လှုပ်နှိုးလိုက်တယ် ။ မင်းအိပ်ယာက နိုးဖို့သင့်ပြီ ။သို့ပေမယ့် ရှေးက
နိုးမလာခဲ့ဘူး။ အိမ်မက်ဆ်ိုးကနေ လွှတ်မြောက်သွားတဲ့ရှေးဟာ အေးချမ်းစွာ ပြန်လည်အိပ်စက်နေခဲ့တယ်။ ရှေးရဲ့ မျက်နှာ ချောချောကို ကျွန်တော် မေးခွန်းပေါင်းများစွားနဲ့ကြည့်ပြီး
ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်တယ်။

Before Fiction (Completed) Where stories live. Discover now