အပန်းဖြေလေ့လာရေးခရီးလို့ နာမည်တပ်ပြီး ဆယ်ဟွန်းတို့ကျောင်းက ပေကျင်းရဲ့ နယ်အစွန်အဖျား တောင်တစ်တောင်ဆီကို သွားဖို့လုပ်ကြတယ်၊ လူတွေများလေလေ ပိုပြီး ကာကွယ်ရခက်လေလေဖြစ်တာမို့ စစ်သားတွေကတော့ မသွားစေချင်ပေမဲ့လည်း၊ ခရီးဆိုတဲ့အသံကို ကြားတာနဲ့ ရွစိထိုးအူမြူးနေကြတဲ့ Yellow Kid နဲ့ ပတ်ခ်ချန်းယောကို မနိုင်တာကြောင့် သူတို့အားလုံး ခွင့်ပြုလိုက်ရတယ်၊
ခရီးထွက်ဖို့ အ၀တ်အစားတွေ ပြင်ဆင်နေချိန် မနက်ခင်းဝေလီဝေလင်းအချိန်မှာပဲ ကြိုတင်အသိပေးအပ်ခြင်းမရှိ ရုတ်တရက်ကြီးရောက်ချလာတဲ့ ဗိုလ်မှူးဘတ်ဟျွန်းကြောင့် ချန်းယောက အပျော်လွန်ပြီးထခုန်တယ်၊ အဲ့ဒီ့မြင်ကွင်းကိုတော့ တွေ့သမျှ အ၀တ်တွေ အိပ်ထဲထိုးထည့်နေတဲ့ ဂျုံအင်က စုပ်တသပ်သပ်နဲ့ ငေးလို့နေခဲ့တယ်၊
" ကိုကြီး "
အသံတိုးတိုးလေးနဲ့အတူ သူ့အင်္ကျီစလေးကို လက်နဲ့ဆွဲလာတဲ့ အထိအတွေ့လေးကြောင့် ဂျုံအင်က ဆတ်ခနဲ လှည့်ကြည့်လိုက်တယ်၊ အိပ်ယာနိုးခါစ အိပ်မှုန်စုံမွှားလေးနဲ့ အဝါကောင်လေးက သူနဲ့လိုက်တဲ့ ကြက်ပေါက်ဝါဝါလေးတွေ အများကြီးပါတဲ့ ညအိပ်ဝတ်စုံကို ၀တ်ထားတုန်းပဲ၊ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်နုနုလေးကို လက်နဲ့သပ်ပေးပြီး သူ့ခရီးဆောင်အိပ်ထဲမှာ ထိုးထည့်ထားတဲ့ ကလစ်သေးသေးလေးနဲ့ ဆွဲညပ်ပေးလိုက်တဲ့ ဂျုံအင်က ဆယ်ဟွန်းကို ချစ်စနိုးနဲ့ နူးနူးညံ့ညံ့လေး ပြုံးပြတယ်၊
ဖြူဖတ်ကြည်လင်တဲ့ အသားအရေကို ပိုင်စိုးတဲ့ဒီကောင်လေးက သွေးကြောမျှင်လေးတွေ မြင်နေရတဲ့ ပါးဥဥလေး နှစ်ဖက်ကို မြှောက်တက်သွားတဲ့အထိ သူ့ကို ရယ်ပြပြန်တယ်၊ ချစ်စဖွယ်ကောင်းမှုလေးတွေ ပြည့်နှက်နေတဲ့ ၁၇နှစ်အရွယ်ကလေးက ဂျုံအင်တို့ စတင်တာဝန်ထမ်းဆောင်ခဲ့တုန်းက အချိန်တွေလို ပိစိလေးမဟုတ်တော့ပဲ မျက်စိတစ်မှိတ်အတွင်းမှာတင် အရွယ်ရောက်လို့နေခဲ့ပြီ၊
" ပြောလေ.. "
" ကိုကြီးကလေ..ကိုကြီးဂျောင်ဆူးကို ဘာလို့ချစ်တာလဲဟင်"
" အော်ဟော်၊ ထူးထူးဆန်းဆန်း ဘာလို့မေးတာတုန်း "
" သားက ဟို.. တရုတ်ကိုကြီးကို ကြိုက်နေတာ၊ "
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...