part-5

5.5K 382 8
                                    

Unicode

မြင်မြင်ချင်းအချစ်ကို ယုံကြလား။ ကျွန်တော်ကတော့ ကျွန်တော့်ဘဝမှာ လှိုင်းသရဖီဆိုတဲ့ကောင်မလေးကို တွေ့လိုက်တဲ့
အချိန်မှာ မြင်မြင်ချင်းအချစ် တကယ်ရှိပါလားဆိုပြီးယုံကြည်
သွားခဲ့တယ်။ သူမနောက် တစ်ကောက်ကောက်လိုက်ပြီး
သူမပုံလေးတွေခိုးရိုက်ရတာကို ကြိုက်တယ်။ ဓာတ်ပုံလေးတွေကို အယ်ဘမ်လေးနဲ့ထည့်ပြီး သူမကို လက်ဆောင်ပေးတဲ့
အခါ ရှက်ပြီး ခေါင်းငုံ့သွားတဲ့ သူမကို ချစ်တယ်။ ပန်းဆီရောင်
နှုတ်ခမ်းပါးကို ကိုက်ပြီး အသည်း​အသန်​ ရှက်တတ်တဲ့
သူမဟာ ကျွန်တော့်နှလုံးသာကိုပိုပြီး လှုပ်ခတ်စေနိုင်တယ်ဆိုတာ မေ့နေသလား မသိ။

"မောင် လှိုင်းကိုချစ်လား"

"ချစ်တာပေါ့ လှိုင်းရဲ့... လှိုင်းက မောင့်နှလုံးသားရဲ့မူပိုင်ရှင်ပဲ"

"အဟင်း အပြောတတ်လိုက်တာ "

ပြုံးရယ်နေတဲ့ချစ်သူ မျက်နှာဟာ ကျွန်တော့်ရင်ကို အေးချမ်းစေပါတယ်။

"လမ်းခွဲရအောင် မောင်"

"ဘာလို့လဲ လှိုင်းရဲ့ လှိုင်းနဲ့မောင်က ဘာလို့လမ်းခွဲရမှာလဲ"

"မောင်က အခု လှိုင်းကိုမချစ်တော့ဘူး ။ မောင်နောက်တစ်ယောက်ကို ချစ်နေပြီမလား။ မောင့်ကိုမုန်းတယ်"

"မဟုတ်ဘူး ။ မဟုတ်ဘူး မောင် မသိဘူး။ တောင်းပန်ပါတယ်"

"တော်တော့ မောင် မုန်းတယ် မောင့်ကို မုန်းတယ်"

"မောင် ဘာဖြစ်နေလဲ မောင့်ကိုယ်မောင်နားမလည်တော့ဘူး
တောင်းပန်ပါတယ် လှိုင်းရယ်။ မောင့်ကိုမမုန်းပါနဲ့နော်"

"ဒါဆို အဲ့ဒီမောင့်ဘေးနားက ကပ်နေတဲ့ကောင်ကို မောင်းထုတ်လိုက်"

"ထွက်သွား မင်းထွက်သွား"

ကျွန်တော့် ဘေးနားမှာ ရပ်နေတဲ့ ဘယ်ချိန်ကရောက်နေမှန်း
မသိသော ချစ်ဦးသွင်ကို မောင်းထုတ်လိုက်တယ်။ ချစ်ဦးသွင်
ဟာ ကျွန်​တော့်လက်ကို ဆွဲကိုင်ထားပြီးမောင်းမထုတ်ဖို့တွင်တွင် တောင်းဆိုနေတယ်။

"မထိနဲ့ "

ကျွန်တော့်လက်တွေ ကိုင်လာတဲ့ ဦးချစ်လက်တွေကိုဖယ်ချလိုက်တယ်။

Before Fiction (Completed) Where stories live. Discover now