part-6

5.2K 371 17
                                    

Unicode

နှစ်ယောက်လုံး ကြည်ကြည်နူးနူးအိပ်နေပေမယ့်လို့ ညလယ်လောက်ရောက်တော့ ဒုက္ခရောက်တာပဲ။ဘာကြောင့်လဲဆ်ိုတော့ခါတိုင်းနဲ့မတူတာက တစ်ယောက်တစ်ကုတင်မဟုတ်ပဲဆေးရုံ ကုတင်သေးသေးလေး အပေါ်မှာ နှစ်ယောက်ပူးကပ်
အိပ်နေရတာပဲ။ ဟိုဘက်လည်း လှည့်မရ ဒီဘက်လည်း
လှည့်မရ ဆန့်ဆန့်ကြီး အိပ်နေရတာ နဲနဲမှ အဆင်မပြေ။
ရှေးလည်း အစကတော့ ဦးချစ်ရဲ့ ခေါင်းကို သူ့လက်ပေါ်မှာ
တင်ထားပေး ပေမယ့် ညသန်ခေါင်လောက်ရောက်တော့
ကျင်လာလို့တဲ့ ဖယ်ထုပ်သွားတယ်။ ဒါနဲ့ပဲ ဦးချစ် ကလည်း
ရှေးခွထားတဲ့ ခြေထောက်ကို ကျွန်တော်ကိုယ်ပေါ်က ပြစ်ချ
လိုက်တယ်။ ဘာတွေစားလို့ ကြွက်သားတွေပြည့်ပြီးလေးနေမှန်းမသိတဲ့ ရှေးခြေထောက်ဟာ လွယ်လွယ်နဲ့တော့ ဖယ်လို့
မရခဲ့ဘူး။

ဒီလိုနဲ့ မျက်နှာချင်းဆိုင် အိပ်နေရာကနေ နှစ်ယောက်လုံး
ကျောပေးအိပ်လိုက်တယ် ။ အဲ့ဒီအချိန်မှာပဲ လမ်းမှားပြီ
ဘယ်ကရောက်လာမှန်းမသိတဲ့ ခြင်တစ်ကောင်က တဝှီးဝှီးနဲ့
ဦးချစ်ရဲ့  မျက်နှာနား လာဝဲနေတယ်။

ဦးချစ်တစ်ယောက် အဲ့ဒီခြင်သံကို မခံနိုင်လို့ တပတ်ပတ်ရိုက်ပေမယ့် လုံးဝမမိဘူး။ အပြေးကောင်းလိုက်တဲ့ခြင်။ အိပ်လို့မရသည့် နောက် ငုတ်တုတ်လေး ထထိုင်လိုက်တယ်။ မျက်လုံးကတော့မဖွင့်ပဲမှိတ်လျက်ကြီးရှိနေတုန်းပဲ။ ကျိန်းစက်နေတဲ့မျက်ဝန်းတွေဟာ အိပ်ဆေးကြောင့် အိပ်ဖို့ကိုပဲတာစူနေတယ်။ မတတ်နိုင်တဲ့အဆုံး ကုတင်ပေါ်ပဲ ပြန်လှဲချလိုက်တယ်။ အခုဆိုရင် အိပ်ယာဟာ နဲနဲ ချောင်သွားခဲ့ပါပြီ။

"ဦးချစ်.. ဟာ... ဇောက်ထိုးကြီးမအိပ်နဲ့လေ"

အိပ်ယာချောင်သွားလို့ ပျော်ပြီး ပြန်အိပ်ပျော်သွားတဲ့ဦးချစ်
ဟာ ဇောက်ထိုးကြီးအိပ်နေမှန်းမသိခဲ့ဘူး။ ဒါနဲ့ပဲ ရှေးက
အတည့်အတိုင်း ပြန်လုပ်ပေးရတယ်။ ဒါတောင် မအိပ်ချင်ဘူး
ဆိုပြီး ပြန်ပြန်ဇောက်ထိုးဖြစ်သွားလို့ နောက်ဆုံး ရှေး လည်း
စိတ်မရှည်နိုင်တော့ပဲ ခေါင်းအုံးကို ဦးချစ် ခေါင်းအောက်သွင်း
ပေးလိုက်တယ်။ ဒီနေ့ရာသီဥတု ပူလို့ ဦးချစ် မနေနိုင်တာ
ဖြစ်ပါလိမ့်မယ် ။

Before Fiction (Completed) Where stories live. Discover now